စုပ်ခွက်ငါးပေါက်ပွားလာမူကြောင့် အနာဂါတ်မှာငါးဆိုတာကို ပြတိုက်မှာသွားကြည့်ရမယ့်မြန်မာနိုင်ငံ…

စုပ်ခွက်ငါး ပေါက်ပွားလာမူကြောင့် အနာဂါတ်မှာ ငါးဆိုတာကို ပြတိုက်မှာသွားကြည့်ရမယ့် မြန်မာနိုင်ငံ…

စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး

ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် (၅) နှစ်ခန့်မှ စတင်ကာ

စုပ်ခွက်ငါးများ အများအပြားတွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စုပ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊

ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု ဒေသခံများက ပြောပါသည်။“(၅) နှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။

ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်းပိဿာထောင်ချီသေခဲ့တယ်။

စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက် က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှစ်ကို (၅) ကြိမ်လောက် သားပေါက်တယ်။

အင်းတိုင်းလိုလို ဖြစ်နေကြတာ။ ဒီစုပ်ခွက်ငါးတွေ အများကြီး ဖြစ်လာတော့ ရောင်းတန်းဝင်ငါး အထွက်နူန်း လျော့လာတယ်။ ရေလုပ်သားတွေလည်း အများကြီး အခက်အခဲဖြစ်လာတယ်။

စုပ်ခွက်ငါးကို စားလည်းမစားကြ၊ရောင်းလည်းမရတော့ မီးရှို့ပစ်ရတယ်” ဟု ဒေသံခံ ဦးထွန်းရီက ပြောသည်။ စုပ်ခွက်ငါးများသည် မြန်မာ့ဒေသရင်း ငါးမျိုး စိတ် မဟုတ်ဘဲ ပြည်ပနိုင်ငံများမှ

အလှမွေးငါးအဖြစ် တင်သွင်းလာပြီး စုပ်ခွက်ငါးများ ကြီးပြင်းလာသောအခါ မွေးမြူသူများက ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ နီးစပ်ရာ မြစ်ချောင်းများအတွင်း

စွန့်ပစ်ရာမှ ပျံ့ပွားလာခြင်းဖြစ်သည်။ စုပ်ခွက်ငါးများသည် ရေညှိ စားပြီး အကြမ်းခံသော ငါးမျိုးစိတ်ဖြစ်ကြောင်း၊ စုပ်ခွက်ငါးမျိုးသည် သဘာဝရေကန် (သို့မဟုတ်) ငါးကန်များ၏ အောက်ခြေရှိ

အကျိအချွဲ၊ ရေညှိ၊ တီကောင်၊ ရေနေအင်းဆက် သားလောင်းများကို စားသုံးပြီး တွင်းတူးအသိုက်လုပ်မျိုးပွားလေ့ ရှိကြောင်း၊ စုပ်ခွက်ငါးများသည် အသားစားငါး

မဟုတ်သော်လည်း ငါးကန်အတွင်း ခြောက်သွေ့သည့်ရာသီ ရေရှားပါးချိန်တွင် ပြင်ပလေကို တိုက်ရိုက်ရှုရှိုက်ကာ အသက်ရှင်နေနိုင်စွမ်းရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း ဦးစီးဌာနကထုတ်ပြန်ထားသည်။

စုပ်ခွက်ငါး များ၏ ပြင်ပရုပ်လက္ခဏာနှင့် အရိုးမာပြီး အသားနည်းသည့်အတွက် ယင်းငါးကို စားသုံးသူ နည်းပါးကြောင်း၊ စုပ်ခွက်ငါးသည် ငါးကန်အတွင်း ကန်ဘောင်တွင်

ကျင်းတူးနေလေ့ရှိသောကြောင့် ကန်ဘောင်ပျက်စီးခြင်း၊ ကျောဆူးတောင်နှင့် ရင်ရေယက်ဆူးတောင်များသည် မာကြောပြီး ရှည်လျှားသည့်အတွက် ပိုက်ဆွဲ ငါးဖော်ရာတွင် ငါးဖမ်းပိုက်များဖြင့်ညိကာ

ပိုက်ပျက်ဆီးစေခြင်းများ ကြုံရသည်။ သဘာဝရေပြင် (သို့) ငါးကန်များအတွင်း စုပ်ခွက်ငါး ရောက်ရှိပါက အလုံးစုံ ဖယ်ရှားပစ်ရန် ခက်ခဲကြောင်း၊ စုပ်ခွက်ငါးများသည်

ဒေသမျိုးရင်း ငါးများနှင့် သဘာဝ ပတ်ဝန်းကျင်ကို သွယ်ဝိုက် ထိခိုက်စေနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။crd

Add a Comment

Your email address will not be published. Required fields are marked *