စီးနေတဲ့ ကားကိုရောင်းပြီး အောက်ဆီဂျင်စက် ဝယ်ယူဖို့လှူခဲ့တဲ့အပြင် အကြွေးတွေပါ အတင်ခံကာ ဆက်လက် လှူဒါန်းနေတဲ့ မြဝတီက ပြည်သူတစ်ဦး

စီးနေတဲ့ ကားကိုရောင်းပြီး အောက်ဆီဂျင်စက် ဝယ် ယူဖို့လှူခဲ့တဲ့အပြင် အကြွေးတွေပါ အတင်ခံကာ ဆက် လက် လှူဒါန်းနေတဲ့ မြဝတီက ပြည်သူတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အပြင်း အထန်ဖြစ် ပွားခဲ့စဉ်က အောက်ဆီဂျင်စက် မရရှိဘဲ အသက် သေဆုံးသွားတဲ့ ပြည်သူတွေ အများအပြား ရှိခဲ့ပါတယ်။

အောက်ဆီဂျင် အ ရေးပေါ်လိုအပ်ကြတာကြောင့် အ ချို့နေရာတွေမှာ အောက်ဆီဂျင် စက်ရုံတွေ တည် ဆောက်ဖို့ ပြင်နေကြပြီး ဖြစ်ပါတယ်။

ပြည်သူတွေကလည်း အဆိုပါ စက်ရုံတွေ တည်ထောင်ဖို့အတွက် အလှူငွေတွေ လှူဒါန်းပေးနေကြပါတယ်။

မြဝတီမြို့က ပြည်သူ တစ်ဦးဟာလည်း အောက်ဆီဂျင်စက် ဝယ်ယူဖို့ အတွက် သူစီးနေတဲ့ ကားကိုရောင်းချပြီး ရလာတဲ့ ပိုက်ဆံတွေ အကုန်ကို လှူဒါန်းလာခဲ့ပါတယ်။

မြဝတီမြို့က ပြည်သူတွေ အခမဲ့အောက်ဆီဂျင်ရှုလို့ရအောင် အဆိုပါ ပြည်သူက စိတ်စေတနာ သန့်သန့်နဲ့ အခုလိုရှိတဲ့ပစ္စည်းကို ရောင်းချပြီး လှူဒါန်းနေတာဖြစ်ပါတယ်။

အောက်ဆီဂျင်စက် ဝယ်ယူဖို့ သိန်း (၇၀၀) လောက် လှူဒါန်းခဲ့တဲ့ အဆိုပါ ပြည်သူက ယခုမှာလည်း အ ကြွေး အတင်ခံပြီး ဆက်လက် လှူဒါန်းမှုတွေကို ပြု လုပ်နေခဲ့ပါတယ်။

လေးစားအတု ယူစရာကောင်းတဲ့ စိတ်ဓာတ်ကို ပိုင် ဆိုင်ထားတဲ့ အဆိုပါပြည်သူက သူရှိတဲ့ ပစ္စည်းတွေကို ရောင်းချပြီး လှူဒါန်းနေတာကြောင့် သူရဲ့အိမ်မှာ လိုင် စင်ကားတစ်စီးပဲ ကျန်တော့ကြောင်း သိရှိရပါတယ်။

ကိုဗစ်ကြောင့် ဒုက္ခရောက်နေတဲ့ လူတွေ အဆင်ပြေနိုင်ဖို့ အတွက် သူရဲ့ ဥစ္စာပစ္စည်းတွေကို ရောင်းချပြီး လှူ ဒါန်းပေးနေတဲ့ အဆိုပါ အမျိုးသားကို ပြည်သူ အများအပြားက လေးစားချီးကျူးနေကြပါတယ်။

အဆိုပါ ပြည်သူရဲ့ အသိ မိတ်ဆွေတစ်ဦးကတော့ မြဝတီ အောက်ဆီဂျင် အခမဲ့ ရှုလို့ရအောင် ကြိုး စားပေးခဲ့သော အစ်ကို သိန်း (700) လောက်ကုန်သွားတဲ့ အ ပြင် အကြွေးတွေတောင် တင်နေပါတယ်။

အစ်ကိုစိတ်ထားကို လေးစားပါတယ်ဗျာ ကျနော်တို့လည်း ဘာမှ ဝိုင်းမကူနိုင်လို့ အားနာရပါတယ် “ဆိုပြီး ရေးသားထားပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အမျိုးသားရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါအုံးနော်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *