စီရော်နယ်ဒိုဟာ အရင် ကျောနံပါတ် ၇ ဂျာစီကိုသာ ဝတ်ဆင်မည်ဟု မန်ယူအသင်း ထုတ်ပြန်

စီရော်နယ်ဒိုဟာ အရင် ကျောနံပါတ် ၇ ဂျာစီကိုသာ ဝတ်ဆင်မည်ဟု မန်ယူအသင်း ထုတ်ပြန်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ စီရော်နယ်ဒိုဟာ ကာဗာနီဆီက ကျောနံပါတ် ၇ ဂျာစီကို လွှဲပြောင်း ဝတ် ဆင်မယ်လို့ မန်ယူ အသ င်း ကတရားဝင် သတင်းထုတ်ပြန် ခဲ့ပါတယ်။

အ စောပိုင်းက ပရီးမီးယားလိဂ်ရဲ့ ကစားသမား မှတ်ပုံတင်မှု ဆိုင်ရာ စည်းမျဉ်း တစ်ချို့ကြောင့် ရော်နယ်ဒို အနေနဲ့ သူဝတ်ဆင် နေကျ ကျောနံပါတ် ၇ ဂျာစီဝတ် ဆင်ခွင့်ရဖို့ မရေရာဘဲ ဖြစ်ခဲ့တာပါ။

အဆုံးသတ် မှာတော့ ကာဗာနီ ကိုယ်တိုင်ကိုယ်ကရော်နယ်ဒိုကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိခဲ့ပြီး မန်ယူအသင်းဘက်က ပရီးမီးယားလိဂ်နဲ့ ညှိနိူင်းဆော င် ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကျောနံပါတ် ၇ ဂျာစီ ဝတ်ဆင် ရမယ်ဆိုတာဟာ မသေချာခဲ့ ပေမယ့်ကာဗာနီ ဘက်က အံ့ အားသင့်စရာ ကောင်းမွန်တဲ့ စိတ်ထားကြောင့် ဝတ်ဆင်ခွင့် ရခဲ့ပြီး ကာဗာနီကို ကျေး ဇူးတင်ရှိကြောင်း ရော်နယ်ဒိုက ပြောပါ တ ယ်။

ဥရုဂွေး တိုက်စစ်မှူးကြီး ကာဗာနီ ကတော့လိဒ်ယူနိုက်တက် ကို ပြောင်းရွှေ့ သွားတဲ့ ဒယ်နီယယ်ဂျိမ်းစ် ဝတ်ဆင် ခဲ့တဲ့ ကျောနံပါတ် ၂၁ ကို ပြောင်းလဲ ဝတ် ဆင်သွားမှာ ဖြစ်ပါတယ်။

ကျောနံပါတ် ၇ ဟာ ယူနိုက်တက် သမိုင်းမှာ စံပြကစားသမားတွေသာ ဝတ်ဆင် လေ့ရှိပြီး ဂျော့ဘက်စ်၊ ဘရိုင်ယန် ရော့ဆင်၊ အဲရစ်ကန်တိုနာနဲ့ ဒေးဗစ်ဘက်ခမ်းတို့ ဝတ်ဆင်ခဲ့ ဖူးပါတယ်။

ဖတ်ရှူ့ခဲ့တဲ့ ပရိသတ် ကြီးတို့လဲ ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင် နိုင်ကြပါစေ။

Add a Comment

Your email address will not be published. Required fields are marked *