စိုင်းစိုင်းခမ်းလှိုင်ကို Brand Ambassador ခန့်ထားခြင်းမှ လက်တွဲဖြုတ်လိုက်တဲ့ G Shockနဲ့ Nescafe (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

စိုင်းစိုင်းခမ်းလှိုင်ကို Brand Ambassador ခန့်ထားခြင်းမှ လက်တွဲဖြုတ်လိုက်တဲ့ G Shockနဲ့ Nescafe

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ စိုင်းစိုင်းခမ်းလှိုင်ကို Brand Ambassador ခန့်ထားခြင်းမှ လက်တွဲ ဖြုတ်လိုက်တဲ့ လုပ်ငန်း သုံးခုစတင်ပေါ်ပေါက်လာပြီး

စိုင်းစိုင်းခမ်းလှိုင်နှင့် ပတ်သက်ပြီး Brand Ambassador ခန့်ထားခြင်းအပေါ် ပြည်သူများမှ ကန့်ကွက်နေကြပြီး စိုင်းစိုင်းခမ်းလှိုင်နှင့်

ကြေငြာဖူးသော Brands များဆီသို့ ပြည်သူများမှ ဆက်သွယ်ပြီး စိုင်းစိုင်းအား Ambassador ဖြုတ်ချပေးရန် တောင်းဆိုနေကြတဲ့အတွက်

G-SHOCK, NESCAFÉ, Decolgen စတဲ့ Brands များမှ သူတို့နှင့် ပတ်သတ်မှု မရှိနေကြောင်း အသီးသီး ထုတ်ပြန်ကြေငြာကြတာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အရင်က ပရိတ်သတ် တစ်ဦးဖြစ်ခဲ့တဲ့ ဝတ်ရည်က “ကျမအရင်က ကိုစိုင်းကို အရမ်းအားပေးခဲ့တယ်…

အခု နဲနဲလေးမှ အားမရနေဘူး…

ပြည်သူတွေက အသတ်ခံနေရတာရှင့် သူ့ရဲ့ အရှိန်နဲ့ဆို လုပ်လို့ရတာတွေ အများကြီးပဲလေ…

ကိုစိုင်းဖြစ်ဖြစ် ဘယ်ဆယ်လီဖြစ်ဖြစ်နော်..

အခု အာဏာရှင်တော် လှန်ရေးမှာ ကျမတို့ ပြည်သူတွေနဲ့ တသားထဲ မားမား မတ်မတ် မရပ်တည်နေတဲ့ သူတွေ ဟန်ဆောင် ရပ်တည်နေတဲ့ သူတွေနဲ့ လုံးဝ

အသံတိတ်ပြီး နဲနဲလေးမှ မရပ်တည်ပေးနေတဲ့ အနု ပညာရှင်တွေ အားလုံးကို ကျမတို့

Social Punishmentတွေ လုပ်ပြီး ခါးခါးသီးသီး ဆန့်ကျင်သွားမယ်” လို့ ဆိုပါတယ်။

တခြားကျန်သေးတဲ့ စိုင်းစိုင်းရဲ့ လက်တွဲထားတဲ့ Brands တွေ ဖြစ်တဲ့ Gatsby, Samsung စတဲ့ Brands တွေကိုလဲ ဆက်သွယ်သွားမယ်…

မဖြုတ်ပေးဘူးဆိုရင် အဲ့ Brands တွေကိုပါ Boycott လုပ်ဖို့ လုပ်ဆောင်သွားမယ်လို့လဲ.. သူမက ဆိုပါတယ်

လတ်တလော နေခြည်ဦးနဲ့ ပတ်သက်ပြီးလဲ ပြည်သူတွေရဲ့ ဝေဖန်မှုများကြောင့်

Vivo Myanmar, Rexona စတဲ့ Brands တွေကလဲ နေခြည်ဦးနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန့် လိုက်ပါတယ်။

ပြည်သူတွေက ဖယ်ကျဉ်နေတဲ့ Social Punishment Campaigns တွေက အခု အရှိန်အဟုန် မြင့်မားလျက်ရှိနေတာကို တွေ့နေရတာပါ။

ပရိတ်သတ်ကြီးအားလုံးလည်း ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

စာဖတ်ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *