စိတ်ဓာတ်တွေ ကျလွန်းလို့ ကိုယ်တိုင် မနည်း ကြိုးစားပြီး အားတင်း ထားရတယ်ဆိုတဲ့ အိစိကွေး

စိတ်ဓာတ်တွေ ကျလွန်းလို့ ကိုယ်တိုင် မနည်း ကြိုးစားပြီး အားတင်း ထားရတယ်ဆိုတဲ့ အိစိကွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အိစိကွေးကတော့ ကလေး သရုပ်ဆောင်ကနေ ချစ်စရာကောင်းပြီး သရုပ်ဆောင် ပီပြင်တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင် အမာ ရရှိထားပါတယ်။

အိစိကွေးက သရုပ်ဆောင် ကောင်းရုံအပြင် အသံ အေးအေးနဲ့တေးသီချင်းကောင်းများကိုလဲ တီဆို ထားပါသေးတယ်။ အိစိကွေးက အရွယ်နဲ့ မလိုက်အောင်ကိုလဲ ပရဟိတ လုပ်ငန်းတွေမှာ တက်တက် ကြွကြွပါဝင်သူ တစ်ဦးပဲ ဖြစ်ပါတယ်။

အိစိကွေးက ခုလက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ရောဂါကြီးကြောင့် အောက်ဆီဂျင် လိုအပ်သူများကို သူကိုယ် တိုင် အိမ်တိုင် ရာရောက် သွားပြီး ပို့ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။

အခု တစ်ခါမှာ ဆိုရင်လဲ အိစိကွေးက စိတ်ဓာတ်တွေ ကျလွန်းလို့ ကိုယ်တိုင် မနည်းကြိုးစားပြီး အားတင်း ထားရတယ်ဆိုတဲ့ အကြောင်းလေးကို ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

အိစိကွေးက စိတ်ဓာတ်ကျတာ ဟိုးအောက်ဆုံးပဲ မျှော် လင့်ထားတဲ့ Goal တွေ ရောက်ဖို့ လမ်းစလေး လက်တကမ်း ရောက်မှ MAL လုပ်လို့ ပျက်စီးသွားတာတွေ ပညာရေးနဲ့ ပတ်သတ်တဲ့ အနာဂတ်တွေအားလုံး ဘယ်ဆီနေလဲ မသိတော့ဘူး။

Goal အသစ်ပြောင်းပြီ ရှေ့ဆက်ရလား ၁၇ နှစ် နီးပါး ကြိုးစားလာတဲ့ အရာတွေကို ဆက်ပြီး ဖက်တွယ် ထားရမလား မသိဘူး။

တစ်နေ့ တစ်နေ့ ဒီနာကျင်မှုတွေ ဒဏ်ရာတွေနဲ့ မနည်း struggle လုပ်နေရတယ်။

ငါ ကျော်ဖြတ်နိုင်မှာပါ ဆိုပြီးတော့သူရဲ့ Ig Story မှာ ရေးသား ဖော်ပြထားပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း အိစိကွေးအတွက် အားပေးစကားလေးတွေ ပြောခဲ့ကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *