စိတ်ညစ်စရာ ကိစ္စတခုကြောင့် ပရိတ်သတ်တွေဆီ အကူညီ တောင်းခံလာခဲ့တဲ့ အဘ သမီးလေး ယဉ်လက်

စိတ်ညစ်စရာ ကိစ္စတခုကြောင့် ပရိတ်သတ်တွေဆီ အကူညီ တောင်းခံလာခဲ့တဲ့ အဘ သမီးလေး ယဉ်လက်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ယဉ်လက်က အခုချိန်မှာ စိတ်တွေ ညစ်နေရတယ်လို့ သိရပါတယ်။

သူမဘာကြောင့် စိတ်ညစ်နေရလဲ ဆိုတာကို သူမရဲ့ လူမှုကွန်ယက်မှာ အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။

ကျွန်မ ဘယ်တုန်းကမှ အဲ့လို စကားတွေ မပြောထွက်ဖူးဘူး။

ခွင့်ပြုချက်မရှိပဲ ဘာလို့ သူများလို လိုက်ဟန်ဆောင် နေရတာလဲရှင် ? တောင်းပန်ပါတယ် ကျွန်မ နာမည်ယူသုံးခြင်း ရပ်ပေးပါ။

ကျွန်မ နာမည်ယူသုံးပြီး ကျွန်မ မပြောပဲ ပြောတယ်လုပ် မရေးပဲ ရေးတယ်လုပ် တင်နေတဲ့ Page ကြီး follower တွေလည်း များနေလို့ကြောက်ရတယ်။

(ချစ်လို့ဖွင့်ပြီး fan page အနေနဲ့ ပုံယူတင်တဲ့ သူတွေကို ဘာမှမပြောခဲ့ဘူး) ခုက သက်သက်ကို ပိုအဆဲခံ

ရအောင် လုပ်နေသလိုပဲ တောင်းပန်ပါတယ်ရှင် ကျွန်မ နာမည်ယူသုံးပြီး ပေါက်ကရတွေ လျှောက်မတင် လျှောက်မရေးပါနဲ့တော့

Page ကိုင်တဲ့ admin ဘယ်သူလဲ မသိပေမဲ့ ကျွန်မကို အများကြီး ထိခိုက်စေတဲ့ အရေးသားတွေ အများကြီး

ရေးခဲ့ပြီး ကျွန်မအပေါ် လူတွေ အမြင်ကိုလည်း လွဲမှား သက်ရောက်စေတဲ့ အတွက် ဘယ်သူ သုံးနေမှန်းမသိ

တဲ့ ကျွန်မ နာမည်နဲ့ page တုကြီးကို report တင်ပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်ရှင်။

တစ်ခုတည်းသော ကျွန်မသုံးတဲ့ page ကိုလည်းပြောပြထားပါတယ်။

YIN LET ‘s page ကမှ ကျွန်မ ကိုယ်တိုင်သုံးတဲ့ တစ်ခုတည်းသော page အစစ်ပါ။

အခြား acc တွေ page တုတွေက တဖြည်းဖြည်း လွန်လာလို့ ပိုပြီး ထိခိုက်ရပါတယ်။

ခုလည်း ဒီ နာမည်တောင် မှန်အောင်မပေါင်းထားတဲ့ page တုကြီးရဲ့ အရေးသားတွေက တော်တော်

ဆိုးဆိုး ယဉ်လက် အစစ်က ခုလို စကားတွေ ပြောမထွက်ဘူး တခါမှလည်း မပြောခဲ့ဖူးဘူး။

သူများလာပြမှ သတင်းတွေ တက်တက်လာမှ ငါလည်း မရေးဖူးပါပဲ ဘာလို့ မီဒီယာတွေက တင်ကြလဲမှတ်တာ မီဒီယာများအတု အစစ် ခွဲခြားတတ်ပါစေ။

မေတ္တာရပ်ခံပါတယ် ဒီpage ကြီးကို report တင်ပေးကြပါရှင်။

ချစ်တဲ့ ယဉ်လက်လို့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှ တဆင့် ရေးသား ဖော်ပြထားပါတယ်။

ပရိတ်သတ်တွေလည်း ယဉ်လက် ပြောခဲ့တဲ့ စကားတွေက ဟုတ် မဟုတ် ဝေဖန် ပေးကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *