စားဝတ် နေရေး အဆင်မပြေတဲ့ အိမ်ထောင်စုများ အတွက် စားစရာတွေ လှူဒါန်းလာခဲ့တဲ့ အဆိုတော် ခင်ရတနာစိုး (ခေါ်) ခင်ခင်

စားဝတ် နေရေး အဆင်မပြေတဲ့ အိမ်ထောင်စုများ အတွက် စားစရာတွေ လှူဒါန်းလာခဲ့တဲ့ အဆိုတော် ခင်ရတနာစိုး (ခေါ်) ခင်ခင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အဆိုတော် ခင်ရတနာစိုးက အသံ ပါဝါကောင်းကောင်းနဲ့မြန်မာ့ တေးသံစဉ် များသာမကပဲ ခေတ်ပေါ်တေးသီချင်းများကိုလဲ အကောင်းဆုံး တီဆိုနိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

ခင်ရတနာစိုးက မကြာခဏဆိုသလို သူမတတ်နိုင်တဲ့ဘက်ကနေ အခက် အခဲဖြစ်နေတဲ့ ပြည်သူများကိုလို အပ်တဲ့အစား အသောက်ပစ္စည်းများကိုလှူဒါန်း ပေးတတ်ပါ သေးတယ်။

ခင်ရတနာစိုးက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်က ပါဝင်ပြီး လမ်းထွက်ကာ လူထု လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့ပါတယ်။

ယခုတစ်ခါမှာ ဆိုရင်လဲ ခင်ရတနာစိုးက အိမ်ထောင်စု ၇၅ စုစာအတွက် လိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

ခင်ရတနာစိုးက ဒီနေ့ အိမ်ထောင်စု ၇၅ စုအတွက် နိုင်သလောက် အလှူလေးပါရှင့်။

တစ်အိမ်ထောင်လျှင် ကြက်ဥ ၅ လုံးဆီ ၅၀ သါး တစ်ဘူး ဆန်တစ်ပြည် ကြက် သွန်နီနှင့် ခရမ်းချဉ်သီးတို့ ပါပါတယ်ရှင့်။

ကျန်းမာရေး စည်းကမ်းနဲ့ အညီ HandSpray၊Mask တပ်ပြီးမှ အလှူပစ္စည်း ပေးအပ်ပါတယ်ရှင့်။

အလှူလေး ဖြစ်မြောက်အောင် ကူညီပေးတဲ့ အိမ် နီးနားချင်းအားလုံးကို ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံ အမြန် ငြိမ်းချမ်းကျန်းမာပါစေရှင့် ဆိုပြီးတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသား ဖော်ပြထားပါတယ်။

အဆုံးထိဖတ်ရူးပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *