စားဝတ်နေရေး ကျပ်တည်းနေသူတွေ အတွက် စားနပ် ရိက္ခာနဲ့ ဆေးဝါးများ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

စားဝတ်နေရေး ကျပ်တည်းနေသူတွေ အတွက် စားနပ် ရိက္ခာနဲ့ ဆေးဝါးများ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပရဟိတ အလုပ်တွေကို အဆက် မပြတ် လုပ်ကိုင်နေတဲ့ မင်းသား ဝေဠုကျော်က ခုလက်ရှိ မြန်မာ့အရေးမှာ ပြည်သူတွေနဲ့ အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

သူကတော့ ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားကာ အမှန်တကယ် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီ ကိုယ်တိုင် သွားရောက် လှူဒါန်းနေတာကြောင့် ပရိတ်သတ်တွေကလည်း ချစ်ခင် လေးစားနေကြတာပါ ။

ခုလို ကိုဗစ်ရောဂါတွေ အပြင်းအထန် ဖြစ်ပွားနေချိန်မှာလည်း အောက်ဆီဂျင် အိုးများကို သူရဲ့ ပရဟိတ အသင်းကနေ တစ်ဆင့် လိုအပ်သူတွေကို ကူညီပေးလျက်ရှိပါတယ် ။

ဒါအပြင် ပိုးသတ် ဆေးများကိုလည်း ကိုယ်တိုင် လိုက်ဖျန်းပေးနေသလို ပိုသတ်ဆေး လိုအပ်တဲ့ နယ်မြို့တွေကိုလည်း လှူဒါန်းပေးနေတာတွေ့ရပါတယ် ။

မကြာခင် နာရီပိုင်းလောက်ကလည်း ခုလို ကာလမှာ ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့ အိမ်တွေနဲ့ အလံ အဝါ အဖြူထောင်ထားတဲ့ အိမ်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးများ လှူဒါန်းပေးမယ့်အကြောင်းကို ”

ကိုဗစ်ကာလ စားသောက်ရေး ကြပ်တည်း ကြသူများထဲ အကုန်လုံး မလှူပေးနိူင်လို့  တစ်မိသားစုလုံး ကိုဗစ် P ဖြစ်ပြီး အဆင်မပြေ အလုပ် မလုပ်နိူင်ကြတဲ့

အလံဖြူ အလံဝါ အဆင့် နွမ်းပါး ပြည်သူ မိသားစုများသို့ ဆန် စားနပ်ရိက္ခာ mask ဆေးဝါး အာဟာရတို့ တတ်နိူင်သလောက် လှူဒါန်းပေးပါမယ်။

ဝိုင်းဝန်း လှူဒါန်းပေးကြမယ့် အလှူရှင်များလည်း ဖိတ်ခေါ်သလို အနီးနားက P ဖြစ်ပြီး မဆင်မပြေတဲ့ အိမ်များရှိရင်လည်း လမ်းညွှန် ပေးကြအုံးခင်ဗျာ ”

ရေ းသားဖော်ပြထားရာ ပရိတ်သတ်ကြီး အတွက် ပြန် လည် ဖော်ပြပေးလိုက်ပါတယ် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *