စာဝတ်နေရေး အခက်ခဲဖြစ်နေတာကြောင့် ကျာက်ကပ်ကို ရောင်းချင်ကြောင်း တစ်အိမ်ပြီးတစ်အိမ် ဝင်ထွက်ကာ ကြော်ငြာခဲ့တဲ့ အမျိုးသားတစ်ဦး

စာဝတ်နေရေး အခက်ခဲဖြစ်နေတာကြောင့် ကျာက်ကပ်ကို ရောင်းချင်ကြောင်း တစ်အိမ်ပြီးတစ်အိမ် ဝင်ထွက်ကာ ကြော်ငြာခဲ့တဲ့ အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုလက်ရှိဖြစ်နေတဲ့ ကိုဗစ် ရောဂါအခြေအနေကြောင့်နဲ့ လူတော်တော်များများက စီးပွားရေး အခက် အခဲနဲ့ကြုံတွေ့နေရပြီးတော့ စားဝတ် နေရေးခက်ခဲနေလျက် ရှိနေတာပဲဖြစ်ပါတယ်။

ခု တစ်ခေါက်မှာလည်းအင်ဒိုနီးရှားနိုင်ငံ Klaten ဒေသမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက သူရဲ့ သားသမီး (၄) ယောက်ကို ကျွေး မွေးစောင့် ရှောက်နိုင်ဖို့အတွက်ကို ကျောက် ကပ် တစ်ခုရောင်ချလိုကြောင်းကို ကတ်ထူပြားကြီးမှာ ကြော်ငြာစာရေးသားပြီး ကျောက်ကပ် လိုက်လံရောင်းချခဲ့တာပဲဖြစ်ပါတယ်။

Frans Larry Okravianus အမည်ရှိတဲ့ ၎င်း အမျိုးသားက နာရီပေါင်း (၂၀) ကျော် (100 km) ကြာတဲ့အထိ တစ်မြို့ပြီး တစ်မြို့ တစ်အိမ်ပြီးတစ်အိမ်ဝင်ထွက်ပြီး မိသားစုရဲ့ဆေး ဝါးစရိတ် သားသမီးအတွက်ပညာရေး နှင့် အကြွေးတွေဆပ်ချင်လို့ ဖြစ် ကြောင်းရှင်းပြပြီး ကျောက်ကပ် လိုက်လံရောင်းနေခဲ့ပါတယ်။

သူ့မှာ ကလေး (၄) ယောက်ရှိပါတယ် က လေးတွေက တော်တော် လေးငယ်သေးတယ် အကြီးဆုံးကတော့ ကျောင်းတက်နေပြီ Larry ကဒီကမဟုတ်ပါဘူး သူက Jakarta မြို့က ဒီကမိန်းကလေးနဲ့ အိမ်ထောင်ကျပြီး ဒီမှာအခြေချဖို့ဆုံးဖြတ်ခဲ့တာဆိုပြီးတော့  Larry ရဲ့ရွာသူကြီးက ပြောပြလာခဲ့တာပါ။

 

Larryဟာ အရင်ချိန်တုန်းက Jakarta မြို့မှာ ကားရေဆေးနဲ့ အလုပ် လုပ်ကိုင်ခဲ့ပေမဲ့လည်း အလုပ်ပြုတ်သွားခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ Larryရဲ့အဖြစ်ကို အင်ဒိုနီးရှား အစိုးရအဖွဲ့က သိရှိသွားခဲ့ပြီးနောက် အကူအညီပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ဘဲ ကိုယ့်ကို အဆင်မပြေဘူးဆိုပြီး စိတ်ညစ်နေမယ်ဆိုရင် ကိုယ့်ထက် အဆင်မပြေသူတွေများစွာ ရှိနေသေးကြောင်းကို Larry ဆိုတဲ့ အမျိုးသားရဲ့အဖြစ်လေးက နှိုင်းယှဉ်ပြနေသလိုပါဘဲဗျာ။ အဆုံးထိဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *