စာတတ် ပေတတ်ဆိုတာ ဘွဲ့ရ အတန်းပညာနဲ့ မဆိုင်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ R ဇာနည်

စာတတ် ပေတတ်ဆိုတာ ဘွဲ့ရ အတန်းပညာနဲ့ မဆိုင်ဘူးလို့ ဒဲပြောလိုက်တဲ့ R ဇာနည်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အသံ ပါဝါ‌ ကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး ပရိတ်သတ်တွေ ချစ်ခင်ရတဲ့ ဝါရင့် အဆိုတော်ကြီး R ဇာနည်က ပုဒ်မ ၅၀၅ က နဲ့ တရား စွဲဆိုခံထားရတာကြောင့် မိသားစုနဲ့အတူ ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။

ထွက်ပြေး တိမ်းရှောင်နေရပေမယ့် ဒီ မိုကရေစီအ တွက် လှုပ်ရှားမှု့ တိုင်းကို တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူ ထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။

အမှန်တရားဘက်တော်သား တစ်ဦးဖြစ်တဲ့ အဆိုတော် R ဇာနည် ဟာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ပြည်သူတွေဘက်မှာ အမြဲရှိတာကြောင့် ပရိတ်သတ်တွေ ပိုမို ချစ်ခင် အားပေးကြရပြန်ပါတယ်။ R ဇာနည် က စာတတ် ပေတတ်တွေဆိုတာ့ အတန်းပညာနဲ့ မဆိုင်ဘူးလို့ ပရိတ်သတ်တွေကို ရှင်းပြလိုက်ပါတယ်။

အဆိုတော် R ဇာနည်က ဒီကနေ့မှာ‌တော့ အလိုက် ကန်းဆိုးမသိတဲ့ လူတွေအကြောင်းကို သူရဲ့ လူမှု့ကွန်ယက်မှာ အခုလိုပဲ ရေးသားလာပါတယ်။ စာတတ် ပေတတ် ဆိုတာ စောက် လိုက်ကန်းဆိုး မသိတာနဲ့ကြတော့ ဘယ်လိုပြောရမလဲ ဘွဲ့ရ အတန်းပညာနဲ့တော့ ဆိုင်မယ် မထင်ဘူး ထင်တယ်။

Happy Sweet December ဆိုတဲ့ စာသားလေးနဲ့ အတူ ဒီဇင်ဘာလနဲ့ အစနေ့လေးကို Happy Sweet December လို့ နှုတ်ဆက် ရေးသားထားကိုလဲ တွေ့ရပါတယ်။

သူ့ရဲ့ ပိုစ်အောက်မှာတေ့ာ အဆိုတော် အိမ့်ချစ်က အတန်းပညာတတ်တာနဲ့ လူမှုပညာ အသိညာဏ်ရှိတာနဲ့က မတူပြန်ဘူးလို့ ဝင်ရောက် ထောက်ခံ ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုတော် R ဇာနည် ရဲ့ စာသားလေးကို ပရိတ်သတ်တွေကသဘောကျနေကြပြီး ပြန်လည် မျှဝေသူလဲ များစွာ ရှိပါသေးတယ်။

ပရိတ်သတ်ကြီးရေ အဆိုတော် R ဇာနည် ရေးသားထားတဲ့ စာသားလေးနဲ့ ပတ်သတ်ပြီး ထင်မြင် ယူဆ ချက်လေးတွေကို ကောမန့်မှာ ရေးသား ပေးခဲ့ပါအုံးနော်။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *