စစ် တပ် ထုတ်ကုန်တွေ သိုလှောင်ရောင်းချရင် အရေး ယူမယ်လို့ NUG ကြေငြာ

စစ် တပ် ထုတ်ကုန်တွေ သိုလှောင်ရောင်းချရင် အရေး ယူမယ်လို့ NUG ကြေငြာ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်းကို အကြမ်းဖက် စီးပွားရေး လုပ်ငန်းတွေအဖြစ် NUG က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကြေညာပါတယ် ။

စစ်တပ်ရဲ့ နိုင်ငံတော် ပုန်ကန်မှုကို ထောက်ကူပြုပြီး မလျော်သြဇာနဲ့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့  အင်အားကို အသုံးပြုပြီး စီးပွားရေး လုပ်ငန်းများစွာကို လုပ် ဆောင်နေတာကို စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စီးပွားရေး ဆိုင်ရာ ထောက် လှမ်းရေး ညွှန်ကြားရေးမှူးရုံးက စိစစ် တွေ့ရှိ ရတယ်လို့ ဖော်ပြပါတယ် ။

ဒါ့ကြောင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း အပါအဝင် ဆက်စပ် လုပ် ငန်းတွေကို အကြမ်းဖက် စီးပွားရေး လုပ်ငန်းတွေအဖြစ် သတ်မှတ်ပြီး အမည်ပျက် စာရင်းသွင်းတယ်လို့ NUG က ဖော်ပြပါတယ် ။

ဒါကြောင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းရဲ့ ဆက်စပ် ထုတ်ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို ဝယ်ယူ သုံးစွဲတာ ရောင်းဝယ် ဖောက်ကားတာ၊ သိုလှောင် ဖြန့်ဖြူးရောင်းချတာ မပြုလုပ်ကြဖို့ တားမြစ်ပါတယ် ။

မလိုက်နာရင်တော့ အဲဒီလုပ်ရပ်တွေကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ထောက်ခံ အားပေးတဲ့ လုပ်ရပ်တွေ အဖြစ် သတ်မှတ် အရေးယူ သွားမယ်လို့ NUG ရဲ့ စီးပွား‌ရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ် ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *