စစ်သင်တန်းတက်နေပေမယ့် သူချစ်ရတဲ့ အရာတွေကို လွမ်းမိနေတဲ့အကြောင်း စိတ်မကောင်းစွာ ပြောလာခဲ့တဲ့ မေဦး

စစ်သင်တန်းတက်နေပေမယ့် သူချစ်ရတဲ့ အရာတွေကို လွမ်းမိနေတဲ့အကြောင်း စိတ်မကောင်းစွာ ပြောလာခဲ့တဲ့ မေဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မိတ်ကပ် ပညာရှင်အဖြစ် အောင်မြင်မှုများစွာ ရရှိထားတဲ့ မေဦးက ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့

တော်လှန်ရေး တိုက်ပွဲကြီးမှာ အင်တိုက် အားတိုက် ပါဝင်ခဲ့တာမို့ ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရသူပဲ ဖြစ်ပါတယ်။

အရေးတော်ပုံ အောင်မြင်ဖို့အတွက် ခိုင်မာ ပြတ်သားတဲ့ ယုံကြည်မှုတွေကြောင့် မေဦးက Gen Z လူငယ် လေးတွေနဲ့ အတူ လွတ်မြောက် နယ်မြေမှာ စစ် သင်တန်း တက်ရောက် နေတာလည်း ဖြစ်ပါတယ်။

ပြည်သူ အချစ်တော် အနုပညာရှင် အဖြစ်ကနေ ပြည်သူကိုအကာ အကွယ်ပေးတဲ့ အနုပညာရှင် အနေနဲ့ ရဲရဲ ဝင့်ဝင့်ရပ်တည်လာတဲ့ မေဦးရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကတော့ တကယ်ကို လေးစားဖို့ ကောင်းပါတယ်။

မေဦးက လွတ်မြောက်နယ်မြေမှာ အခက် အခဲ ဒုက္ခတွေနဲ့ စစ်သင်တန်း တက်ရောက်နေရင်း မကြာသေးမီကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် စိတ်မကောင်းဖြစ်စရာ စာလေး ရေးလာတာတွေ့ရပါတယ်။

မေဦးက “အမေ့ကိုလည်း လွမ်းတယ်

အိမ်ကိုလည်း လွမ်းတယ်

ကိုယ်ချစ်တဲ့အလုပ်ကိုလည်း လွမ်းတယ်

အစားအသောက်တွေလည်း လွမ်းတယ်

အရာရာအားလုံးလည်း လွမ်းတယ်”

ဆိုပြီးရေးသားထားခဲ့ပါတယ်။

မေဦးကို ‌comments တွေကနေတစ်ဆင့် အနုပညာရှင်တွေကလည်း အားပေး နှစ်သိမ့်ထားကြတာတွေ့ရပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း မေဦးအတွက် အား ပေးစကားလေးတွေ ပြောခဲ့ကြပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *