စစ်ဘေးရှောင် ပြည်သူတွေကို သွားရောက်လှူဒါန်းရင်း တိုက်ပွဲဖြစ်တဲ့ လမ်းမှာ ကြုံတွေ့ခဲ့ရသော အမှတ်တရတွေကို ပြောပြလာခဲ့တဲ့ အိစိကွေး

စစ်ဘေးရှောင် ပြည်သူတွေကို သွားရောက်လှူဒါန်းရင်း တိုက်ပွဲဖြစ်တဲ့ လမ်းမှာ ကြုံတွေ့ခဲ့ရသော အမှတ်တရတွေကို ပြောပြလာခဲ့တဲ့ အိစိကွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကလေး သရုပ် ဆောင် အဖြစ် ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ အမြဲ အမှတ်တရ ရှိနေသူကတော့ သရုပ်ဆောင် အိစိကွေး ပဲဖြစ်ပါတယ်။

သူကတော့ အနုပညာ လှုပ်ရှားမှုတွေအပြင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတစ်ခုလည်း လုပ်ကိုင် ဆောင်ရွက်နေတဲ့ လူငယ်လေးတစ်ဦး ဆိုလည်းမမှားပါဘူး။

ကိုယ်တိုင် ရှာဖွေထားတဲ့ ချွေးနည်းစာများဖြင့်လည်း တတ်နိုင်သလောက် လှူဒါန်းနေတာကိုလည်း ဝမ်းသာ ဂုဏ်ယူဖွယ် မြင်တွေ့ကြရမှာ ပဲဖြစ်ပါတယ်။

အိစိကွေး တစ်ယောက် ပြီးခဲ့တဲ့ ဧပြီလလောက်တုန်းက ရှမ်းပြည်နယ်မှာရှိတဲ့  စစ်ဘေးရှောင် ပြည်သူတွေ

အတွက် စုပေါင်း လှူဒါန်းထားတဲ့ ပစ္စည်းတွေကို ခက်ခက် ခဲခဲ သွားရောက် လှူဒါန်းခဲ့တာ ပဲဖြစ်ပါတယ်။

သူကတော့ အလှူငွေအများကြီးမတတ်နိုင်တဲ့အတွက်လုပ်အား ဒါနဖြင့် ကုသိုလ်ယူ ပါဝင်ခဲ့တာဖြစ်ပါတယ်။

 တိုက်ပွဲဖြစ်နေကြ လမ်းမှာလည်းတွေ့ကြုံခဲ့ရတဲ့ အ မှတ်တရတွေကိုလည်းမကြာသေးခင်နာရီပိုင်းလောက်

က အိစိကွေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် အခုလိုပြောပြလာတာ ဖြစ်ပါတယ်။

(၄) လပိုင်းက ရှမ်းပြည် စစ်ဘေးရှောင် ပြည်သူတွေကို သွားလှူခဲ့ပါတယ်။

အဲ့တုန်းက ကိုယ်တိုင် အလှူငွေ အများကြီး မတတ်နိုင်လို့ လုပ်အား နဲ့ ပါဝင်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေကြ လမ်းမှာလည်း ကားဘီးတွေပေါက် အမြန်ပြင် အမြန် သွားနဲ့တကယ်လည်း အမှတ်တရပါပဲ။

ဒီလထဲမှာ ရွှေဘို ဈေးအတွက်လည်းလှူဖို့ ကြိုးစားနေပါတယ်။

တတ်နိုင်သလောက် ဝိုင်းလှူဒါန်းပေးကြပါဦးဗျာ။

အောက်က Link မှာ ဝိုင်းပြီး အသေးစိတ် ကြည့်ပြီး လှူဒါန်းနိုင်ပါတယ်။

https://www.facebook.com/100015638405799/posts/1031504597380811/?d=n ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အားလုံး ခက်ခဲနေကြချိန်မှာ ပြည်သူ အချင်းချင်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာ ကောင်းလှပါတယ်။

အိစိကွေး တစ်ယောက် ဒီ့ထက်မက အလှူ အတန်းတွေ အမြဲ လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်း ပေး လိုက် ရပါတယ် ခင်ဗျာ။

ပရိတ်သတ်ကြီးအားလုံးလည်း အိစိကွေး အလှူလေးကို သာဓုခေါ်ပေးကြပါအုံးနော်။ Source ; ; Eisi Kway’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *