စစ် တပ် ပိုင် MRTV ရုပ်သံမှာ ဇာတ်လမ်းတွဲ ရိုက်ခွင့်ရသွားတာမို့ ပရိတ်သတ်ကို ကြွားလုံးထုတ် လာခဲ့တဲ့ အဘ သမီးလေး ရွှေရူပါဦး

စစ်တပ်ပိုင် MRTV ရုပ်သံမှာ ဇာတ်လမ်းတွဲ ရိုက်ခွင့်ရသွားတာမို့ ပရိတ်သတ်ကို ကြွားလုံးထုတ် လာခဲ့တဲ့ အဘ သမီးလေး ရွှေရူပါဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မော်ဒယ် ရွေရူပါဦးက အနုပညာ လမ်းကြောင်းမှာ မော်ဒယ် တစ်ယောက်

လို့ သူမကိုယ် သူမ ပြောနေကြပေမဲ့ ပရိတ်သတ်တွေက သူမကို တပ် ချစ်သူလို့ပဲ သိထားကြပါတယ်။

တစ်ချို့ ဆိုရင် သူမကို ခုမှ မြင်ဖူးတာဆိုပြီးတောင် ရေးသားနေကြပါတယ်။

မကြာခင် ရက်ပိုင်းတုန်းက သူမကို အဘတွေ စီစဉ်ပေးမှု တစ်ခုကြောင့် ကားတွေပါ ပိုင်ဆိုင် ချမ်းသာလာပြီဆိုလို့ လူတွေအကြား ပွဲဆူ သွားရ ပြန်ပါတယ်။

အခုလဲ လူပြောများနေတဲ့ သူမရဲ့ ခြေထောက်က လူတွေ ထင်နေသလို ဆင်ခြေထာက် မဟုတ်ကြောင်း ဟိုနေ့က သက်သေနဲ့တကွ ရှင်းပြ လာခဲ့ပါတယ်။

အခုလဲ သူမကို အားပေးတဲ့ ပရိတ်သတ် သောင်းချီရှိကြောင်းပုံလေးနဲ့ သက်သေ ပြခဲ့ပါသေးတယ်။

ဒါဟာ အမှန်ဆိုရင် သူမရဲ့ ဖန်အင်အားက မသေးဘူး ဆိုတာပရိတ်သတ်ကြီးလည်း မြင်မိမယ် ထင်ပါတယ်။

ဒါဆို သူမရဲ့ Fandomname ကို Shweze လို့ပေးထားတာ ဖြစ်ပါတယ်။

သူမက အခုထိ ဇာတ်ကား တကားမှ မရိုက်ဖူးသေးပါဘူး။

ဒါကို သူမကို သူမ မင်းသမီးလို့ သုံးနှုန်း ထားပါသေးတယ်။

အခုတော့ သူမရဲ့ တပ်မတော်အပေါ် ချစ်ခင်မှူကြောင့် စစ်တပ်က အဘများက သူမအား MRTV မှာ ဇာတ် လမ်းတွဲတွေ ကြေညာတွေ ရိုက်ဖို့ အခွင့်ရေး ပေးလာခဲ့ပါတယ်။

အခုလဲသူမ page မှာ ရိုက်ကွင်းက ပုံများကို တင်လာပြီး ကြွားလိုက် ပါသေးတယ်။

မင်းသား မင်းသမီးတွေ အကုန် ဇာတ်ကား မရိုက်ရ အခြေနေမှာ သူမကတော့ အခွင့် ထူးခံဖြစ်လို့ နေပါတယ်။

နာမည်ကြီး သရုပ်ဆောင်တွေ ထောင်ကျသူ တောခိုသူနဲ့ တပ်ကို ဆန့်ကျင်သူ များတာကြောင့် ရုပ်ရှင် နယ် ပယ်က စတင်လို့ မရဖြစ်နေပါတယ်။

သူမ အခုလို တပ်မတော်က အခွင့်ထူးတွေ ရနေတာကို ပြည်သူတွေက ကျေနပ်ပါဘူး။

ပရိတ်သတ်ကြီးလဲ သူမကို ဘယ်လို မြင်လဲဆိုတာ ကွန့်မန့်မှာ မှတ်ချက် ပေးခဲ့ပါဦးနော်။

မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *