စစ်တန်းလျား ဆီပြန်ကြဖို့ တောင်းဆိုလိုက်တဲ့ တေးသံရှင် ရန်ရန်ချမ်း

ခုဖြစ်ပေါ်နေတဲ့ တိုင်းပြည် အခြေအနေတွေကို ဘယ်လိုမှ မကိုင်တွယ်နိုင်ဘူးဆိုတာ သေချာနေပြီမို့ စစ်တန်းလျား ဆီပြန်ကြဖို့ တောင်းဆိုလိုက်တဲ့ တေးသံရှင် ရန်ရန်ချမ်း

ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ တစ်ဟုန်ထိုး များပြားလာနေပြီး ကိုဗစ်ကြောင့် ပြည်သူ အများအပြားလည်း နေ့စဉ်အသက် သေဆုံးလျှက် ရှိနေပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေလည်း တစ်နေ့တစ်ခြားများ ပြားလာနေပြီး ပြည်သူတွေကတော့ မိမိဘာသာမိမိကြိုတင် ကာကွယ်မှုတွေ ပြုလုပ်နေ ကြရတာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက် ထက်က ကိုဗစ်ရောဂါကို စနစ်တကျကိုင် တွယ်ဖြေ ရှင်းခဲ့ပုံနဲ့ ယခုလက်ထက် ကိုဗစ်ရော ဂါကူးစက်မှုကိုင်

တွယ်ဖြေရှင်းပုံတို့ကို နှိုင်းယှဉ်ပြီး ပြည်သူ အများအပြားက ဝေဖန်ပြောဆိုမှုတွေပြုလုပ် နေကြတာပဲဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပြီး အမှန်တရား ဘက်ကနေ ပြည်သူတွေ နဲ့အတူ ရဲရဲဝင့်ဝင့်ရပ် တည်ခဲ့တဲ့ အဆိုတော်ရန်ရန်းချမ်း တစ်ယောက်ဟာ ယခုဖြစ် ပွားနေတဲ့ အခြေအနေတွေနဲ့ပတ် သက်ပြီး တောင်းဆိုမှုတစ်ခု ပြုလုပ်လာခဲ့ပါတယ်။

ရန်ရန်ချမ်းကတော့ အခုဖြစ်နေတဲ့ တိုင်း ပြည် အ ခြေအနေကို ဘယ်လိုမှမကိုင်တွယ်နိုင်တာမို့ စစ်တန်းလျားဆီ ပြန်ကြဖို့ တိုက်တွန်းပြောဆိုထားတာပဲ ဖြစ်ပါတယ်။

သူရဲ့ ပြောဆိုချက်ကို ပြည်သူအများအပြားကလည်း ထောက်ခံကြောင်း လူမှုကွန်ယက်စာ မျက်နှာထက်မှာ ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

ရန်ရန်ချမ်းကတော့ “စစ်တန်းလျားပြန်ကြပါတော့ ခင်ဗျားတို့ ခုဖြစ်နေတဲ့ တိုင်းပြည်အ ခြေအနေကိုဘယ်လိုမှ မကိုင်တွယ်နိုင်ဘူးဆိုတာသေချာနေပြီ ခင်‌ဗျားတို့ကိုလည်း ဘယ်သူမှမကူညီတော့ဘူး …..

ခင်ဗျားတို့ စကားလည်းဘယ်သူမှမလိုက်နာကြ ခင်ဗျားတို့ကိုလည်း ဘယ်သူမှမကြောက်ကြတဲ့ ပြည်သူတွေကို ခင်ဗျားတို့ဘယ်လို ဆက်အုပ်ချုပ်မလည်း

ကြာလေတိုင်းပြည်နာလေ ခင်ဗျားတို့ ဆွေစဉ် မျိုး ဆက်အတွက် အန္တရာယ်များလေပဲ ကျွန်တော့်အကောင့် ထဲမှာရှိတဲ့နီးစပ်တဲ့ သူတွေဒီစာကို သူတို့မြင်အောင်ပြပေးပါ ”

ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့ တာကိုပရိသတ် တွေအတွက်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်။

ပရိသတ်ကြီးရဲ့အမြင်လေး တွေကိုလဲမျှဝေ ပေးခဲ့ပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *