စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့် ကိစ္စကို လူမင်း လုံးဝလက်မခံ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့် ကိစ္စကို လူမင်း လုံးဝလက်မခံ

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ အကြမ်းဖက် စစ်ကောင်စီက အောင်ဆန်း ရုပ်ရှင် ဆက်ရိုက်မယ့် ကိစ္စကို ဒါရိုက်တာ လူမင်းက လုံးဝ လက်မခံဘူးလို့

အင်းစိန်ထောင်ထဲမှာ လူမင်းနဲ့အတူ အခန်း ဘေးချင်းကပ်ရပ် နေခဲ့ရတဲ့ ဂျပန်သတင်း ထောက် ယူကီ ခီတဇုမီ က ပြောပါတယ် ။

စစ်ကောင်စီရဲ့ သာသနာရေး ဝန်ကြီး ဦးကိုကိုနဲ့ ဗိုလ် ချုပ် ရုပ်ရှင် ဆက်ရိုက်မယ့် သူတွေ၊ သမိုင်း ပညာ ရှင်တွေ ရန်ကုန်က အမျိုးသား ပြတိုက် မှာမေ လ ၁၆ ရက်က

အစည်းအဝေး လုပ်ခဲ့ကြပြီး သာ/ယဉ် ဒုဝန်ကြီး ဦးထွန်းအုံနဲ့ အရင်က သရုပ် ဆောင်ပိုင်း ဒါရိုက်တာ သာဖြစ်ခဲ့တဲ့ ပန်းချီစိုးမိုးတို့ ပူးပေါင်းပြီး ဒါရိုက်တာ တာ ဝန်ကို ယူထားသူလူမင်း မပါဘဲ ရုပ်ရှင် ဆက်ရိုက်ဖို့ကို အစည်းအ ဝေးမှာ ဆုံးဖြတ် ခဲ့ကြတာပါ။

“ကို လူမင်းက ကျွ န်တော့ကို ပြောခဲ့တယ်၊ စစ်ကောင် စီ က မတရား လုပ်တာကို လုံးဝ မခံနိုင်ဘူး၊ ဘယ် တော့မှ အရှုံးမပေးဘူးလို့ ပြောပြခဲ့ ပါတယ်။

သူတို့ ဆက်ရိုက်ရင် သူတို့ လိုသလို တည်းဖြတ်မှာတွေ လုပ်မှာကို လုံးဝလက်မခံ နိုင်ဘူးလို့ ” ယူကီ ခီတဇုမီကပြော ပါတယ်။

အဲ့ဒီအောင်ဆန်း ရုပ်ရှင်မှာ ယူကီ ကိုယ်တိုင်လည်း ဂျပန် စစ်ဗိုလ်ကြီး အဖြစ် ပါဝင်သရု ပ် ဆောင်ထားပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်ရှင် ဖြစ်သွား မှာကို ဒါရိုက် တာ လူမင်းက အပြင်းအ ထန် ကန့်ကွက် သလို သူကိုယ်တိုင် ကလည်း မလိုလားကြောင်း ပြောပါတယ်။

ဒါရိုက်တာ လူမင်းက စစ်အာဏာ သိမ်းတာကို ကန့် ကွက်လို့ အင်းစိန်ထောင် အတွင်းမှာ အကျဉ်းကျ ခံနေရ တာပါ။

“ကျွန်တော်တို့ နှစ်ယောက်က အဆောင်အတူတူ နေခဲ့ရတယ်၊ တစ်ယောက် တစ်ခန်းပေါ့ နော်၊ ထောင်ထဲ စရောက်ခါ စတုန်းက အပြင်ကို လမ်းထွက် လျှောက်ခွင့် ရခဲ့တယ်။

အဲ့မှာ ထောင် အကျဉ်ခန်းထဲ ကနေ ကိုလူမင်းက စကားလှမ်းပြောတယ် မျက်နှာကတော့ မမြင်ရဘူး မျက်လုံး လောက် ကျယ်တဲ့ အပေါက်ကလေး ကနေပြီးလှ မ်းပြောတာပါ။”လို့ သူက ဆိုပါတယ်။

ယူကီ ခီတဇုမီ ဟာ ဧပြီ လ ၁၈ ရက်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး မေ လ ၁၄ ရက် မနက်မှာ အင်းစိ န်ထောင် ကနေ ပြန်လွတ်ကာ ရန်ကုန် အပြည်ပြ ည်ဆိုင်ရာ လေဆိပ် ကနေ ဂျပန်နိုင်ငံကို ပြန်ပို့ ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါရိုက်တာ လူမင်းပြောချင်တာတွေကို အပြင်မှာ ပြန်ပြော ပေးနိုင်တာက သူ တစ်ယောက် တည်းရှိပြီး စစ်ကောင်စီ ကနေ အပြီး သက် လုပ်တဲ့ ဒီရုပ်ရှင် ထွက်လာရင် လုံးဝအောင်မြင် မှာ မဟုတ်ကြောင်းနဲ့ ပြည်သူ တွေအနေ နဲ့လည်း ဒီရုပ်ရှင်ကို မကြည့်ကြဘဲ စစ်ကောင် စီကို ပိုပြီးဆန့်ကျင် ကြဖို့ ယူကီက တောင်းဆို ပါတယ်။

“ဒီရုပ်ရှင်က ဒါရိုက်တာ လူမင်း အပါအ ဝ င် ပြည်သူတွေ စိတ်ဝင် စားတဲ့ ကား ဖြစ်ပါတယ်၊ဒီရုပ်ရှင်ကို ဒီမိုကရေစီ ပြန်ရပြီး နိုင်ငံရေး အကျ ဉ်းသားတွေ ပြန်ထွက်လာမှ စိတ်ကြိုက် ပြင်ဆင်ပြီး ကြည့်ကြဖို့ တောင်းဆို ချင်ပါတယ်” လို့ ဆိုပါတယ်။

နေအိမ် အကျယ်ချုပ်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြော က် လာပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ခါ နီးမှာ မြန်မာ့ ရုပ်ရှင်နယ်ပယ် ကလူတွေနဲ့ တွေ့ဆုံတာကနေ ဗိုလ်ချုပ် ရာဇ ဝင်ကား ရိုက်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

အောင်ဆန်းရုပ်ရှင် ဖြစ်မြော က်ရေးကို ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြ ည် ကိုယ်တိုင်က ဖွဲ့စည်း ပေးခဲ့ပြီး ဇာဂနာ၊ ဒါရိုက် တာ မင်းထင်ကိုကိုကြီး၊ ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ဒါရိုက်တာအိအိခိုင်၊ ဇာဂနာ၊ လူမင်းနဲ့ ဇင်ဝိုင်း တို့ပါဝင်ခဲ့ပါတယ်။

အာဏာသိမ်း မခံရခင် ဇန်နဝါရီ လအတွင်းက ထုတ်ပြန် ချက် မှာတော့ အောင်ဆ န်းရုပ်ရှင်ဟာ ၉၀ ရာခိုင် နှုန်းလောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *