စကားဝှက်မေ့နေတာကြောင့် အမေရိကန်ဒေါ်လာ (၂၄၅)သန်းကျော်ကို ဆုံးရှုံးရတော့မယ့် အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ကြည့်ပါ)

စကားဝှက်မေ့နေတာကြောင့် အမေရိကန်ဒေါ်လာ (၂၄၅)သန်းကျော်ကို ဆုံးရှုံးရတော့မယ့် အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကိုယ်သုံးထားတဲ့ စကားဝှက်ကိုဘဲ လူတွေဟာ တစ်ခါတလေမှာ သတိမေ့တတ်ကြပါတယ်နော်။ facebook အကောင့် password တို့၊ ATM card ရဲ့ password တို့ အစရှိတာတွေကို ရုတ်တရက် မေ့တတ်ကြပါတယ်။

အဲဒီ Password တွေမေ့သွားရင်လဲ ပြန်ပြီး တစ်ခုခုပြန်လုပ်ပြီးတော့ Password အသစ်ကို ထားနိုင်တာပါ။ တစ်နည်းအားဖြင့် ဆုံးရှုံးမှုဆိုတာ သိပ်မများပါဘူးပေါ့။ ယခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ဟာ မေ့နေတဲ့ password တစ်ခုကြောင့်ဘဲ ကမ္ဘာပျက်မတက်ကို ဖြစ်နေတာပါ။

ဘာလိုလဲဆိုတော့ အဲဒီ password ကို မဖော်နိုင်ခဲ့ရင် အဲဒီအမျိုးသားဟာ အမေရိကန်ဒေါ်လာ (၂၄၅) သန်းကျော်ကို ချက်ချင်းဆုံးရှုံးရတော့မှာကြောင့်ပဲ ဖြစ်ပါတယ်။

၎င်း အမျိုးသားက ဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Stefan Thomas ပါ။ Stefan ကတော့ ကွန်ပျူတာ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ San Francisco မြို့မှာ နေထိုင်နေတာပါ။

Stephan ဟာ လွန်ခဲ့တဲ့ (၂၀၁၁) ခုနှစ်တုန်းက Animation ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့တဲ့ အတွက်ကြောင့် Bitcoin (၇,၀၀၂) ခုကို လက်ခံရရှိခဲ့ပါတယ်တဲ့။ Bitcoin ဆိုတာကတော့ Digital money တစ်မျိုး ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကတော့ Stephan ဟာ ၎င်း Bitcoin တွေကို Hard drive တစ်ခုထဲမှာ password ခံပြီးတော့ သိမ်းဆည်းထားကာ password ကိုတော့ စာရွက်တစ်ရွက်နဲ့ ချမှတ်ပြီး ရေးသားခဲ့ပါတယ်။

အခုအချိန်မှာတော့ ၎င်း Bitcoin တစ်ခုဟာ အမေရိကန်ဒေါ်လာ (၃၄,၀၀၀) ကျော် တန်ဖိုးရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Stephan ဟာ သူ့ရဲ့ Hard drive ထဲက Bitcoin တွေကို ပြန်ထုတ်ရောင်းဖို့ ကြံစည်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် ကံဆိုးချင်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ၎င်း Hard drive ရဲ့ password ကို ချရေးထားတဲ့ စာရွက်ဟာ ပျောက်ဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Stephan ဟာ အဲဒီအချိန်တုန်းက သူပြုလုပ်ခဲ့တဲ့ password ကို သူကိုယ်တိုင် မေ့နေတာပါ။ ကံထပ်ဆိုးချင်တော့ အဆိုပါ Hard drive ဟာ password ရိုက်သွင်းတာ ၁၀ခါအထိ မှားနေရင်တော့ အထဲက Data တွေဟာ သူ့အလိုလို ပျက်ဆီးသွားမှာ ဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ (၂၄၅) သန်းကျော်တန်တဲ့ Bitcoin တွေဟာလည်း သူ့အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ Stephan ဟာ password အမှားတွေကို ၈ ကြိမ်တိုင် ရိုက်ထားပြီးဖြစ်ပြီးတော့ (၂) ကြိမ်သာ ထပ်မံကြိုစားခွင့် ကျန်တော့မှာပဲ ဖြစ်ပါတယ်။ source;shwemon

Tags:

Add a Comment

Your email address will not be published. Required fields are marked *