စကစ လက်အောက်မှာ ပြုလုပ်မယ့် ဆယ်တန်းစာမေးပွဲ အချိန်စာရင်းကို ကြေညာလိုက်ပြီ

စကစ လက်အောက်မှာ ပြုလုပ်မယ့် ဆယ်တန်းစာမေးပွဲ အချိန်စာရင်းကို ကြေညာလိုက်ပြီ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပသွားမည့် ကာလကို မတ်လ ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဟု

စက စ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ညွှန့်ဖေက ရန်ကုန် တက္ကသိုလ် ပါမော က္ခချုပ် အပါ အဝင် တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ် ။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ အဖြေလွှာများကို အချိန် မီစစ်ဆေးနိုင်ရေး ပြင်ဆင် စီမံ ဆောင်ရွက် လျက်ရှိကြောင်းလည်း စကစ ဝန်ကြီးက ထည့်သွင်း အသိပေးခဲ့ပါတယ် ။

ယခုနှစ် ပညာသင်နှစ် အခြေခံ ပညာ စာသင်နှစ်၏ ပထမ နှစ်ဝက်စစ်ဆေးခြင်းကို လာမည့် ဇန်နဝါရီလထဲနှင့် နှစ်ဆုံး စစ် ဆေးခြင်းအား မတ်လထဲတွင် ဆောင်ရွက်မည်ဟု စကစ ပြန်ကြားရေး အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပြီးဖြစ်ပါတယ် ။

ဇွန်လ ၁ ရက်နေတွင် ဖွင့်လှစ်ပြီး ဇူလိုင်လတွင် ကိုဗစ်ကြောင့် ပြန်ပိတ်ကာ နိုဝင်ဘာ ၁ရက်တွင် ပြန်ဖွင့်သည့် အခြေခံ ပညာ ကျောင်းများ၏ စာသင် နှစ်သည် အချိန် ကာလအားဖြင့် ၆ လသာ ရှိပြီး စကစ ပညာ ရေးဝန် ကြီးဌာနက သင်ခန်းစာများအား ပြင်ဆင် ရေးဆွဲထားတယ်လို့ သိရပါတယ် ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *