စကစရဲ့ သုံးလပြတ် အလယ်တန်း ပထမ နှစ်ဝက် စာမေးပွဲ ဖြေဆိုရမယ့် အချိန်ကို ကြေညာလိုက်ပြီ

စကစရဲ့ သုံးလပြတ် အလယ်တန်း ပထမ နှစ်ဝက် စာမေးပွဲ ဖြေဆိုရမယ့် အချိန်ကို ကြေညာလိုက်ပြီ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံအတွင်းရှိ အခြေခံ ပညာကျောင်းများကို လာမယ့် ဇန်နဝါရီလ အတွင်းမှာ ပထမနှစ် ဝက်စာမေးပွဲ စတင် ဖြေဆိုရမယ်လို့ သိရပါတယ် ။

စကစရဲ့ ပညာရေး ဝန်ကြီးဌာနမှ ပြောကြားချက်အရ အခြေခံ ပညာ အလယ်တန်း ကျောင်းများမှ ကျောင် းသား၊ ကျောင်းသူတွေ အနေနဲ့ ပထမ နှစ်ဝက်စာ မေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ စတင်ကာဖြေဆိုရမယ်လို့ သိရပါတယ် ။

ပညာရေး ဝန်ကြီးဌာန အခြေခံ ပညာ ဦးစီးဌာနမှအရာရှိ တစ်ဦးက“ အလယ်တန်းကျောင်းတွေ ဖြေရမှာပေါ့ ။ ၈ တန်းအထိပေါ့ ။ တစ်နိုင်ငံလုံးက ကျောင်းတွေ အကုန် လုံး တစ်ရက်တည်း စဖြေရမှာ ဖြစ်ပါတယ်”လို့ပြောပါတယ် ။

နိုင်ငံအတွင်းရှိ ပုဂ္ဂိလိက ကိုယ်ပိုင်ကျောင်းများ၊ အစိုး ရကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ တစ်ရက်တည်း တချိန်တည်း စတင်ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ် ။

နိုဝင်ဘာ ၁ ရက်နေ့ထဲက ကျောင်းဖွင့်ထားပေမယ့်လည်း တချို့ကျောင်းတွေမှာ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ အလုံအလောက် မရှိတာကြောင့်

ကျောင်းလာတက်သူများအတွက် သင်ကြားရေးပေးမှာ အား နည်း လျက်ရှိကြောင်း ကျောင်းသား မိဘများက ပြောဆိုလျက် ရှိနေကြပါတယ် ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *