စကစရဲ့ ငွေဝင်ပေါက် ပိတ်ဆို့နိုင်မယ့် နည်းလမ်းလေးကို မျှဝေ တိုက်တွန်းလာခဲ့တဲ့ ပိုင်ဖြိုးသု

စကစရဲ့ ငွေဝင်ပေါက် ပိတ်ဆို့နိုင်မယ့် နည်းလမ်းလေးကို မျှဝေ တိုက်တွန်းလာခဲ့တဲ့ ပိုင်ဖြိုးသု

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ရုပ်ရှင် သရုပ် ဆောင် မင်းသမီး ပိုင်ဖြိုးသုက ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင် အမာရရှိထားတာပဲ ဖြစ်ပါတယ်။

ခု လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရေး တော်ပုံကြီး စတင်ကတည်းက ပြည်သူတွေနဲ့ အတူ

တစ်စိတ်တည်း တစ်ဝမ်းတည်း စိတ်ရော ကိုယ်ပါ နှစ်ကာ လူထုလှုပ်ရှားမှုကြီးတွင် လမ်းမပေါ်ထွက်ကာ အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။

ခုလို ပါဝင်ခဲ့တာကြောင့်လည်း ပိုင်ဖြိုးသုက ခုလက်ရှိအခြေအနေမှာတော့ ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့် တရား စွဲဆိုခံထားရတာ ပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုက အခြေ အနေအရ တိမ်းရှောင်နေပေမယ့်လည်း စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေနဲ့ တစ်သားတည်း အခုချိန်ထိ အပြည့် အဝထောက်ခံနေတာပဲ ဖြစ်ပါတယ်။

အခုအခါမှာလဲ စစ်ကောင်စီရဲ့ ငွေဝင်ပေါက်ကို ပိတ် ဆို့ဖို့ “လက်မှတ်ထိုးကြရအောင်” ဆိုပြီးရေးသား ဖော်ပြပေးလာတာပဲ ဖြစ်ပါတယ်။

စကစရဲ့ ငွေဝင်ပေါက်ကို ပိတ်ဆို့ဖို့ လက်မှတ်ထိုးကြပါ။

အကြမ်းဖက် စစ်ကောင်စီကို သက်ဆိုး ရှည်စေသော သွေးစွန်းငွေတွေကို ကျွန်တော်တို့ ဖြတ်တောက်ပစ်ဖို့ လိုအပ်နေပါပြီ။

ဒီသွေးစွန်းငွေတွေက ပြည်သူတွေကို အကြမ်းဖက် ဖိနှိပ်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအား ချေ မှုန်းရန် အထောက် အပံ့ဖြစ်စေမည့် သွေးစွန်း ကျည်ဆံငွေများသာ ဖြစ်ပါတယ်။

ထန်တလန်မြို့လို အဖြစ်အပျက်တွေ ထပ်မဖြစ်ဖို့ သွေးစွန်းငွေတွေကို မြန်မြန် ဖြတ်တောက်ပစ်ရမှာပါ။

စစ်ကောင်စီထံ ငွေတွေ မစီးဆင်းစေဖို့ မြန်မာ ပြည်သူ လူထုက တောင်းဆိုကြောင်း ပေးထားတဲ့

Petition Links – (၄) ခုလုံးမှာ ဝင်ရောက် လက်မှတ် ထိုးပေးခြင်းအားဖြင့် ဆန္ဒ ထုတ်ဖော် ပေးကြစေချင်ပါတယ်။

Chevron Petition – (https://bit.ly/nochevron)

Total Petition – (https://bit.ly/totalpetition)

POSCO Petition – (https://bit.ly/poscopetition)

MOGE US Petition- (https://bit.ly/sanctionMOGE)

Petition Link တွေကတော့ MOGE နှင့် တွဲဖက်အလုပ်လုပ်နေတဲ့ ကုမ္ပဏီပေါ် လိုက်ပြီး ကွာတာမို့

Links – (၄) ခုလုံးမှာ ဝင်ရောက်ပြီး လက်မှတ် ရေး ထိုးပေးဖို့ တောာင်းဆိုချင်ပါတယ်။

မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး

မြန်မာစစ်တပ်၏ အာဏာသိမ်းမှု ကျဆုံးနေပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့တွင် စစ်တပ်သည် နိုင်ငံကိုအရေးပေါ် အခြေအနေ ကြေညာပြီး မတရား သဖြင့် အာဏာသိမ်းယူခဲ့ပါတယ်။

ထိုလုပ်ရပ်သည် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိုင်ငံတကာ ဥပဒေနှင့် အခြေခံ တရားဉပဒေ စိုးမိုးမှုများကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန်နေသော ကြောင့် စစ်တပ် ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတော်ကို ထိန်းချုပ်နိုင်ဖို့ ကျရှုံး နေပါတယ်။

လူ့အခွင့်ရေး ချိုးဖောက်ခြင်းများနဲ့ အပြစ်မဲ့ အရပ် သားများအား အကြမ်းဖက်ခြင်း မြန်မာစစ်တပ်က တရားဝင် ရွေးကောက် တင်မြှောက်ထားသော

အစိုးရ အရာရှိများကို မတရား ဖမ်းဆီးခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသော CDM (Civil Disob edience Movement)

လှုပ်ရှားမှုတွင် ပါဝင်သူများကို ရက်စက်စွာ သေစေနိုင်သော အင်အားအသုံးပြု၍ အကြမ်းဖက် နှိမ်နှင်းမှုမှား ပြုလုပ်ခဲ့ပါတယ်။

အရပ်သား ပြည်သူများအနေဖြင့် ကျဉ်အစစ်ဖြင့် ပစ်ခတ်ခံရခြင်း ဖမ်းဆီးခံရခြင်း အသက်

သေဆုံးသည်အထိ နှိပ်စက်ခံရခြင်း များစတဲ့ စစ်တပ်ရဲ့ကျူးလွန်မှုတွေကို ခံစားကြရပါတယ်။

ချုပ်နှောင်ထားချိန်မှာ ညှင်းပန်းနှိပ်စက်ခြင်း နှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းသတင်း များစွာရှိပါတယ်။

ထို့အပြင် စစ်တပ်က သတင်းသမားများကိုပါ ပစ်မှတ်ထား ဖမ်းဆီးမှုတွေ ပြုလုပ်ပါတယ်။

ပရိတ်သတ်တွေကလည်း တက်နိုင်တဲ့ ဘတ်ကနေ ပါဝင် ကူညီကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *