ငိုပီး ကလေးတွေကို အရမ်းလွမ်းနေကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် အူဝဲနဲ့ပြေတီဦး

ငိုပီး ကလေးတွေကို အရမ်းလွမ်းနေကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် အူဝဲနဲ့ ပြေတီဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ရိုးသားစွာပဲ အဖိနှိပ်ခံ ပြည်သူတွေ အတွက် ရပ်တည်ပေးခဲ့တဲ့ ကိုပြေတီဦးနဲ့ မအူဝဲက မီးရထားဝန်းက CDM ဝန်ထမ်းတွေကို

အကူအညီ အသုံးစရိတ် ထောက်ပံ့ပေးဖို့ သွားတာ အဲ့ဒီနေကဆို မပိုင်ဖြိုးသု ကိုဏကြီး ခါရာ အောင်မြင့်မြတ် အနုပညာရှင်တွေ အတော်များတယ်။

တကယ်ပဲ မျက်ရည်ထိန်းထားရပါတယ်။ သူတို့မှာ သုံးစရိတ် လုံလောက်ပါတယ်။ ထောက်ပံ့ငွေကို တကယ် လိုအပ်တဲ့အချိန် ပြောမယ်ပြောလို့ ပြောပီး မအူဝဲတို့ ပေးတာကို မယူဘူး အရမ်းရိုးသားပါတယ်။

CDM မလုပ်တဲ့ ဝန်ထမ်းတွေကို ခြေထောက်ကိုင် တောင်းပန်ပါ ဆိုရင်တောင် ညီမတို့ လင်မယား တောင်းပန်ဖို့ ဝန်မလေးဘူး အခု ညီမတို့ မိသားစု ရှင်ကွဲကွဲ နေရတယ်။

ဒီစနစ်ကနေ လွှတ်မြောက်မှကိုဖြစ်မှာ ညဘက်တွေဆို ခလေးတွေကို လွှမ်းလို့ အိပ်လို့ကို မရတာ ညီမတို့လိုပဲ ခွဲခွာနေရတဲ့ မိသားစုတွေကို အရမ်းပဲ ကိုယ်ချင်းစာမိတယ်။

ကိုပြေတီကတော့ ညီမအရှေ့မှာတော့ စိတ်ထိန်းပီး ဘာမှမဖြစ်သလို နေနေပေမယ့် ခလေးတွေနဲ့ ဖုန်းပြောရင်တော့ ဟန်မဆောင်နိုင်ဘူး ငိုချလိုက်တယ်လို့ ပြောပြတယ်။

ဒီအိမ်မက် ဆိုးကြီးကနေ တိုင်းပြည် တစ်ခုလုံးကို လွှတ်မြောက်စေနေချင်ပီ၊ မအူဝဲတို့လည်း အရမ်းကို ပင်ပန်းနေပီ အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင် စေချင်ပီးလို့ပြောပြလာခဲ့တယ်။

စိတ်ပူပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ဘေးကင်းအောင် နေထိုင်ကြပါလို့လည်း ပြောသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *