ငယ်သူငယ်ချင်းအူဝဲ အကျဉ်းထောင်ထဲမှာ အ ဆင်ပြေပါ့မလားဆိုပြီး စိတ်သောက ရောက်နေတဲ့ မိတ်ကပ် မေဦးမောင်

ငယ်သူငယ်ချင်းအူဝဲ အကျဉ်းထောင်ထဲမှာ အ ဆင်ပြေပါ့မလားဆိုပြီး စိတ်သောက ရောက်နေတဲ့ မိတ်ကပ် မေဦးမောင်

ပရိသတ်ကြီးရေ ပြည်သူတွေနဲ့ အတူ အမှန်တ ရား ဘက်ကနေ ရပ်တည်ပေးခဲ့ ကြသူများထဲတွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်း လည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ် ။ ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့ တဲ့သူမကို အာဏာရှင်လူတစ် စုမှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခဲ့ပြီး မကြာခင်မှာပဲ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

အူဝဲတစ်ယောက် အကျဉ်းထောင်ထဲတွင် ထိန်း သိမ်းခံထားရသည်မှာ (၄) လကျော်သွားပြီဖြစ်တာကြောင့် ပရိသတ်တွေက သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြတာ ပဲဖြစ်ပါတယ်။

မကြာသေးခင်ကလည်း မိတ်ကပ်ဖန်တီးရှင် မေဦးမောင် (တော်ဝင်သူ) ရဲ့ လူမှုကွန်ယက်တွင် နုနုရွရွ အမျိုးသမီး ကောင်းပီသစွာ ကြီးပြင်းခဲ့ရတဲ့ ငယ်သူငယ်ချင်း အူဝဲအကြောင်း တွေးမိတိုင်း နာကျင်ခံစား နေရကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ် ။ အူဝဲဟာ ငယ်စဉ်ကတည်းက အ ခြွေအရံတွေနဲ့ နေထိုင်ခဲ့သူ တစ်ယောက်က အခုလို အကျဉ်းထောင်ထဲမှာ

ပင်ပန်းဆင်းရဲစွာ နေနေရတာကို ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။သူ့ရဲ့ ငယ်သူငယ်ချင်း အူဝဲတစ်ယောက် အမြန်ဆုံးလွတ်မြောက်ပြီး အပြင်မှာ ပြန်ဆုံချင်ပြီဖြစ် ကြောင်းကိုလည်း ရေးသားထားခဲ့ တာကို ပ ရိသတ်ကြီး အတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ် ။

ဒါ့အပြင် အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ အနုပညာရှင်၊ အ တတ်ပညာရှင်၊ ဆရာဝန်များနှင့် ကျောင်းသားလူငယ်တွေအကုန်လုံး အမြန်ဆုံးလွတ် မြောက်ကြပါစေလို့ မေဦးမောင်မှ ဆုတောင်းပေးထားတာ ပဲဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း အွန်လိုင်းပေါ်တွင် အိန္ဒြာကျော်ဇင် ကွယ်လွန်သွားပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အူဝဲရဲ့ မိ သားစုဝင်များမှ

ဒီသတင်းဟာ ကောလ ဟာလသာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းထားတာ ပဲဖြစ်ပါတယ်။

မိ သားစုများနဲ့ ခွဲခွာနေရ သူများအားလုံး အမြန်ဆုံးပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပရိသတ်ကြီးကလည်း ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ သူတွေအတွက် ဆုတောင်းပေးခဲ့ကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *