ဂျာမနီနိုင်ငံ ဘာလင်မြို့ရဲ့ နာမည်ကြီး နံရံ ပန်းချီများမှာ ကမ္ဘာကျော်များနှင့် တန်းတူ ဂုဏ်ပြုခြင်းခံရတဲ့ နွေဦး သူရဲကောင်း မကြယ်စင်ရဲ့ ရုပ်ပုံ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဂျာမနီနိုင်ငံ ဘာလင်မြို့ရဲ့ နာမည်ကြီး နံရံ ပန်းချီများမှာ ကမ္ဘာကျော်များနှင့် တန်းတူ ဂုဏ်ပြုခြင်းခံရတဲ့ နွေဦး သူရဲကောင်း မကြယ်စင်ရဲ့ ရုပ်ပုံ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မြန်မာနိုင်ငံမှာ ဖေဖော် ဝါရီလ (၁) ရက်နေ့ကနေ စတင်ပြီး ပြည်သူ့

အာဏာ သိမ်း ယူသွားတဲ့နောက် ဒီမိုကရေစီကို လို လားကြတဲ့ ပြည်သူတွေက လူထု လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီလို လုပ်ဆောင်ရင်းနဲ့လည်း အာဏာရှင်တွေရဲ့ မတရား ပစ်ခတ်မှုတွေကြောင့် နွေဦး သူရဲကောင်းများစွာ အသက်ပေးသွားခဲ့ရပါတယ်။

တချို့မှာလည်း လက်ရှိ အချိန်ထိ ထောင်ထဲတွေမှာ မတရားဖမ်းဆီး ချုပ်နှောင်းခံထားရတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အသက် ပေးသွားခဲ့တဲ့ သူရဲ ကောင်းတွေ အတွက် ပြည်တွင်းမှာ သာမက ပြည်ပ နိုင်ငံရပ်ခြားတွေမှာ သတိတရဖြစ်အောင် ရုပ်ပုံ ပန်းချီကားတွေနဲ့ ဂုဏ်ပြုအခမ်းအနားတွေ ပြုလုပ်ပေးကြတာ တွေ့ရပါတယ်။

ယခုမှာလည်း နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့ ပုံတူပန်းချီကားလေးကို ဂျာမနီ နိုင်ငံ ဘာလင်မြို့ရဲ့ ကမ္ဘာကျော် နံရံပန်းချီတွေမှာ ထည့်သွင်းရေးဆွဲခံရတယ်လို့ ကြားသိရပါတယ်။

အဆိုပါ နေရာဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ကြီးသုံးကြီးဖြစ်တဲ့ အမေရိကန်သမ္မတ ထရူးမင်း ဗြိတိန် ဝန် ကြီးချုပ် ဝင်စတန်ချာချီ နဲ့ ဆိုဗီယက်ခေါင်းဆောင်

ဂျိုးဆက်စတာလင် တို့ရဲ့ ပိုစ့်ဒမ်ကွန်ဖရင့် ကျင်းပခဲ့ရာနေရာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ကမ္ဘာကျော် Graffiti တွေက ရေးဆွဲဂုဏ်ပြုထားကြတာ ဖြစ်ပါတယ်။

အဲဒီလို ကမ္ဘာကျော်များရေးဆွဲထားတဲ့ နေရာမှာထည့် သွင်းဂုဏ်ပြု ရေးဆွဲဖော်ပြခြင်း ခံရတာကတော့ မတ် လ (၃) ရက်နေ့က မန္တလေးမြို့ (၈၄) လမ်းနဲ့

လမ်း (၃၀) ထောင့်မှာ အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြရင်း ဦးခေါင်း ကျည်ထိမှန်ကျဆုံးတဲ့ အသက် (၁၉) နှစ်အရွယ် မကြယ်စင် (ခ) ကျားရှိပဲ ဖြစ်ပါတယ်။

မကြယ်စင်ရဲ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ခဲ့စဉ်က ပုံရိပ်ကို ထည့်သွင်းဖော်ပြခြင်းခံရတဲ့ အတွက် မြန်မာ ပြည်သူတွေအတွက် လေးစား ဂုဏ်ယူမိပါတယ်။

ဒီသတင်းလေးကိုတော့ ပရိတ်သတ်တွေ သိရှိအောင် ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *