ဂုဏ် ယူ ‌လေးစား စရာကောင်းတဲ့ အမျိုး သမီး ပြန်လာရင် ပိုချစ်ကြမှာလား (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဂုဏ်ယူ ‌လေးစားစရာကောင်းတဲ့ အမျိုးသမီး ပြန်လာရင် ပိုချစ်ကြမှာလား

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နိုင်ငံကျော် အကယ်ဒမီ အနုပညာရှင် နှစ်ဦးဖြစ်တဲ့

ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ၂ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆို ခံခဲ့တာ အားလုံးလည်း သိကြမယ်ထင်ပါတယ်။

ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ကို ဗဟန်းမြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးလိုက်ကြောင်း MRTV မီဒီယာမှ ထုတ်လွှင့်ကြေညာသွားပါတယ်။

၎င်း အမျိုးသမီးက ဘဝမှာ ဘာမှ မလိုချင်တော့အောင် ပြည့်စုံနေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မျိုးရိုးဂုဏ်လည်း ပြည့်စုံကြွယ်ဝတဲ့ အမျိုးသမီး ရုပ်ဆင်းအင်္ဂါမှာ ကုံလုံလှပတဲ့ အမျိုးသမီး အနုပညာ

အတတ် ပညာမှာ အရည်အချင်းရှိတဲ့ အမျိုးသမီးအရည် အချင်းရှိတဲ့ အမျိုးသားကို ပေါင်းဖက်နိုင်တဲ့ အမျိုးသမီး ချမ်းသာကြွယ်ဝမှုမှာ လူတန်းစေ့

နေနိုင်ပြီဖြစ်တဲ့ အမျိုးသမီး ပေါင်းသင်း ဆက်ဆံရေးမှာ ကောင်းဂုဏ်သတင်းကျော်ဇောတဲ့ အမျိုးသမီးအလွှာ အသီးသီးက ချစ်ခင် အားကျခံရတဲ့

အမျိုးသမီး ဒီလိုအစစ အရာရာပြည့်စုံနေတဲ့ အမျိုး သမီးက ပြည်သူပေးတဲ့အားနဲ့ ပြည်သူကျွေးတဲ့ ထမင်းစားပြီး ရပ်တည်မှုရလာတဲ့သူမက ပြည်သူအတွက် ရှေ့ထွက်လာခဲ့ပါတယ် ။

သွေးဆိုတာ ရေထက်ပျစ်ပြီး မျိုးရိုးဆိုတာ မတိမ် ကောကြောင်း ပြခဲ့တဲ့ ဒီအမျိုးသမီး ဒီအမျိုးသမီးကို နှစ်ပေါင်း ၂၅ နှစ်ကျော်ကျော် အားပေးခဲ့ရတာ ဘယ် တုန်းကမှ နောင်တမရခဲ့ရဘူး ။

ရဲဘော် သုံးကျိပ် မျိုးဆက်ကွယ်ရဲရင့် ထက်မြက်တယ်။ သူမအလှက မြင်သူငေး ပြည်သူ့အချစ်တော် မင်းသမီးလေး ဇာနည်သွေးလည်း ပြည့်ဝတယ်။

ပြည်သူ့ဘက်က ရပ်တည်တယ် လေးစားလောက်ဖွယ် သူ့စိတ်ထားမြန်မာပြည်ရဲ့ ရတနာတစ်ပါးမအူဝဲ တဲ့

ဗျား အရေးတော်ပုံအထိ ဂုဏ်ယူစရာကောင်းနေတဲ့ ဒီအမျိုးသမီးကိုပြန်လာရင်ပိုချစ်ရဦးမယ် ။

မင်းခြံထဲက မင်းပျိုးထားတဲ့ ပန်းတွေပြောတယ် မင်းပြန်လာမှပွင့်မယ်တဲ့ အွဲ ရေ …

မင်းတိုက် ယူနေရတဲ့ ဒီမိုကရေစီနဲ့ပြန်လာနိုင်ပါစေ

(ပြည်သူ့ သရုပ်ဆောင် ပြည်သူ့ ပြန်ပေး)

ဦးပြေတီဦး နဲ့ မအူဝဲ အထိခိုက် မရှိဘဲ ပြန်လာနိုင်
ပါစေ။ Credit

Add a Comment

Your email address will not be published. Required fields are marked *