ဂုဏ်မောက် ဘဝမေ့ပြီး ရေးလိုက် ရခြင်းမဟုတ်ပါဘူး ဆိုပြီးလက်ရှိ ပြန်နေတဲ့ SSနဲ့ပတ်သက်ပြီးပြန်လည် ဖြေရှင်းလာတဲ့ နေဆန်း

ဂုဏ်မောက် ဘဝမေ့ပြီး ရေးလိုက် ရခြင်းမဟုတ်ပါဘူး ဆိုပြီးလက်ရှိ ပြန်နေတဲ့ SSနဲ့ပတ်သက်ပြီးပြန်လည် ဖြေရှင်းလာတဲ့ နေဆန်း

ပရိသတ်ကြီးရေ နေဆန်းရဲ့ အခုလက်ရှိပြန့်သွားတဲ့ SS နဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်လာတာပဲ ဖြစ်ပါတယ်။နေဆန်းရဲ့ အခုလက်ရှိ ပြန့်သွားတဲ့ SS နဲ့ပတ် သက်ပြီး ပထမဦးစွာ နေဆန်း ဒီစာကိုညိုးငယ် သောစိတ်ဖြင့် ရေးရခြင်းဖြစ်ပါတယ် ။

ပြန့်နေတဲ့ SS နဲ့ပတ်သက်ပြီး နေဆန်းဘာမှမငြင်းလိုပါဘူး ဟုတ်ပါတယ် နေဆန်းတင်လိုက်မိတာပါ။ ဒါပေမယ့် နေဆန်းဂုဏ် မောက်ဘဝမေ့ပြီး ရေးလိုက် ရခြင်းမဟုတ်ပါဘူး နေဆန်းသည် ဘယ်လိုနေထိုင်နေတယ် ဘယ်လိုလူမျိုးလည်းဆိုတာ ချစ်သူခင်သူအားလုံးလည်းသိကြမှာပါ။

နေဆန်းက်ို အဲဒီရေးသားထားတဲ့သူတစ်ယောက်ကိုသာရေညွန်းပြီးရေးရခြင်းဖြစ်ပါတယ်။

အဲဒါကြောင့် My day ကို fri only နဲ့ပဲ တင်ပြီး တင်တဲ့သူကိုရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာပါ အဲဒါကို SS ပြန်ရိုက်ပြီး ထပ်တင်လိုက်လို့ နေဆန်းအပေါ်အားလုံးပိုပြီးအထင်လွှဲ သွားကြတာပါ။

ကိုယ်လဲ လူငယ်တစ်ယောက်မို့ ကိုယ့်ကိုလာတိုက်ခိုက်တဲ့သူတစ်ယောက်အတွက် ကျန်တာမစဉ်းစားမိပဲ ချက်ချင်းတုံ့ပြန်လိုက်မိတာလဲ ဆန်း အမှားတစ်ခုပါလူတစ်ယောက်အတွက် နဲ့ အများ ပါအထင်လွှဲ ခံခဲ့ရတယ်ဘာပဲဖြစ်ဖြစ် အဆိုးထဲကအကောင်းလို့ပဲမှတ်ပြီး သင်ခန်းစာယူတတ်လာပါတယ်။

ရန်ရန်ချင်းမတုံ့ပြန်တတ်ဖို့လဲ နောက်ဆို ဂရုစိုက်မှာပါဒီလိုအချိန် ဒီလိုကာလကြီးမှာ အလုပ်တွေရေလိုဝင်မလား မဝင်ဘူးလားဆိုတာ အားလူံးလည်းသိကြမှာပါ နေဆန်း တမင်ပြောလိုက်တာပါ။

ပုံမှန် အလုပ်ရခြင်း မရခြင်းဆိုတာ နေဆန်းဘယ် တော့မှ တင်လေ့ ကြွားဝါလေ့မရှိခဲ့ပါဘူး။ အဲဒီ စာအတွက် နေဆန်းမှားပါတယ်။ ရည်ရွယ်ချက်နှင့်ထင်မြင်လွှဲမှားမှူတွေအတွက် နေဆန်း တ ကယ်တောင်းပန်ပါတယ်။

နောက်ဆိုပိုပြီး နေဆန်း ဆင်ခြင်ပါ့မယ် အမှားမှန်သမျှ ပြုပြင်ပြောင်း လဲပြီးဘဝကိုအမြဲ ရိုးသားကြိုးစားရုန်းကန်လေ့ရှိပါတယ် နေဆန်းရဲ့ ဘဝအစနဲ့ ကျေးဇူးရှင် ထမင်းရှင်တွေအပေါ်လည်း နေဆန်း ဘယ်တော့မှကျေးဇူးကန်းဘဝမေ့ပြီး စော်ကားမှာမဟုတ်ပါဘူးလို့ နေဆန်းပြောရဲပါတယ်။

နေဆန်းဘယ်နေရာ တွေမှာဘယ်လိုပါဝင်ခဲ့လည်း ဆိုတာဟာလည်း တော်တော်များများသိကြမှာပါ ထုတ်ပြောပြလို့မရတဲ့အတွက်လည်း နားလည်ပေးကြနော်။ ရှေ့ဆက်ပြီး နေကောင်းကျန်းမာအောင်ပိုပြီးဂရုစိုက်ကြပါ နော် ။

ဦးတည်ချက်တစ်ခုတည်းနဲ့သာ ဆက်ပြီးရှင်သန်ကြရအောင်နော်တောင်းပန်ပါတယ် ကျေးဇူးလည်းတင်ပါတယ်။

နေဆန်းအတွက် ပိုပြီးဘဝကို အသိနဲ့သတိနဲ့ အမြဲလုံးဝကပ်ပဲ ရှေ့ဆက်စေလ်ို့ပါဆိုပြီး တောင်းပန်ထားတာ ကိုပရိသတ်တွေအတွက်ပြန် လည်မျှဝေပေး လိုက်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *