ဂဠုန်ဆရာစံ နောက်ဆုံးပုန်းခိုခဲ့တယ်ဆိုတဲ့ နောင်ချိုနယ်မှ ကျောက်ဂူကြီး

ဂဠုန်ဆရာစံ နောက်ဆုံးပုန်းခိုခဲ့တယ်ဆိုတဲ့ နောင်ချိုနယ်မှ ကျောက်ဂူကြီး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရလက်ထက် ၁၉၃၀ ခုနှစ် စီးပွားပျက်ကပ် ကြောင့် ဖြစ်ပွားခဲ့ရတဲ့ တောင်သူလယ်သမား အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သူ သုပဏ္ဏက ဂဠုန ရာဇာဘွဲ့ခံ ဂဠုန်ဆရာစံဟာ နောက်ဆုံးအချိန်တွေမှာ ရှမ်းပြည် နယ်ကို တိမ်းရှောင်ရင်း နောင်ချိုနယ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုသို့ တိမ်း ရှောင်စဉ် နောင်ချိုမြို့နယ် ကုလားခွဲ အုပ်စု ဟိုခိုကျေးရွာအနီးက ကျောက်ဂူကြီး အတွင်းမှာ ပုန်းအောင်းခဲ့တယ်ဟု သိရပါတယ်။ ဒေသခံအကြား ဆရာစံဂူလို့ လူသိများတဲ့ ဒီကျောက်ဂူကြီးဟာ ဟိုခိုရွာမှ တဆင့် တောလမ်းအတိုင်း တမိုင်ခန့်သွားရပြီး လမ်းခင်းကျောက် ထုတ် လုပ်တဲ့ လုပ်ငန်းကြောင့် ဂူဝင်ပေါက် မျက်နှာစာဟာ အတော်အတန် ပျက်စီးနေတာကို တွေ့ရပါ တယ်။

ကျောက်ဂူကြီးမှာ ဝင်ပေါက် ၃ ပေါက်ရှိပြီး ယခင်က တမိုင်ကျော် ရှည်လျားသော်လည်း ယခုအခါ မြေပြိုခြင်း၊ လိုဏ်ခေါင်း များ အတွင်း ရေများစီးဝင်ခြင်းတို့ကြောင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်လျှက်ရှိပါတယ်။

ဆရာစံကို ၁၈၇၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကန် အရှေ့ ကန်ရွာမှာ အဖ ဦးကြေးနှင့် အမိ ဒေါ်ဖက်တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းငါးယောက်အနက် အငယ်ဆုံးဖြစ်၍ ငယ်နာမည်မှာ မောင်ရာကျော် ခေါ် မောင်စံရှားဖြစ်ပါတယ်။

၁၉၃၀ ခုနှစ်ခန့်က ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပေါ်ပြီး စပါးဈေး ကျဆင်းနေချိန် အုပ်စိုးသူ အင်္ဂလိပ်အစိုးရက လူခွန်၊ လယ်ခွန်နှင့် သဿမေဓခွန်များကို တိုးမြှင့်ကောက်ခံခဲ့ရာ ဆရာစံဦး ဆောင်တဲ့ လယ်သမားတွေက သာယာ ဝတီ ခရိုင်အရှေ့ဘက် ၁၅ မိုင်အကွာ ပဲခူးရိုးမပေါ်က အလံတောင်စခန်မှာအ ခိုင်အမာတပ်စွဲကာ အင်္ဂလိပ်အစိုးရကို လက်နက်နဲ့ တော်လှန်ခဲ့ပါ တယ်။

ဂဠုန်တပ်များဟာ ဇိမ်ဇာ၊ အင်းကောက်၊ ရေတိုက်၊ ဖားရွှေကျော်၊ ဆီနှစ်ခွနှင့် လှည်းကူးလမ်း စတဲ့ကျေးရွာတွေမှာ အစိုးရ တပ်များနဲ့ တိုက်ပွဲများဖြစ်ခဲ့သလို၊ အစိုးရကလည်း စစ်ဗာရီတပ်တွေနဲ့ နှိမ်နင်းခဲ့ပြီး၊ တိုက် ပွဲမှာ ကျဆုံးသွားတဲ့သူပုန်တွေရဲ့ ခေါင်းတွေကိုဖြတ်ကာ ပြည်မြို့မရဲစခန်းမှာ ပြသခဲ့တာကို သတင်းစာမှာ ပါရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေထွက်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ဆရာစံကို အင်္ဂလိပ်အစိုးရက ဆုငွေကျပ် ၁သောင်း ထုတ်ကာ ဖမ်းဆီးဖို့ ပြုလုပ်ခဲ့ပါ တယ်။ အလံတောင် စခန်းကို အင်္ဂလိပ်တပ်များ သိမ်းပိုက်မိပြီး ဆရာစံဟာ ရှမ်းပြည် နောင်ချို၊ နောင်ပိန်၊ ရပ်စောက်မြို့များသို့ တိမ်းရှောင်သွားရာ နောင်ချိုမြို့နယ်ရှိ အဆိုပါ ကျောက်ဂူကြီးတွင် ပုန်းအောင်းနေစဉ် ၁၉၃၁ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ အင်္ဂလိပ်အစိုးရမှ လက်ရ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက် သာယာဝတီထောင်သို့ ပို့ဆောင်ကာ အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၂၁ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား သဖြင့် သေဒဏ်အမိန့်ချခဲ့ပြီး၊ နောက်လိုက်များကို တသက်တကျွန်းကျခံစေခဲ့သလို သေဒဏ်နှင့် ထောင်ဒဏ်များလည်း ပေးခဲ့ပါတယ်။ crd ; ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *