ခြသေ့်လက်ထဲက သားဖြစ်သူကို လက်ဗလာနဲ့ တိုက်ခိုက်ပြီးပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ အာဂ မိခင်တစ်ဦး

ခြသေ့်လက်ထဲက သားဖြစ်သူကို လက်ဗလာနဲ့ တိုက် ခိုက်ပြီးပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ အာဂ မိခင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ တောင် ကယ်လီ ဖိုးနီးယား Calabasa မှာနေထိုင်တဲ့ အမျိူးသမီး တစ်ယောက်ရဲ့

အသက် (၅) နှစ် အရွယ် သားလေးက အိမ်နားမှာ တစ်ယောက်တည်း ဆော့ ကစားနေတုန်း (30kg) အရွယ် အစားရှိတဲ့ ခြသေ့်ရဲ့ တရွတ်တိုက် ဆွဲသွားမှုကို ခံခဲ့ရပါတယ်။

ထိုကဲ့သို့ ဆွဲသွားပြီး မီတာ (၄၀) လောက်မှာတော့ မိခင်ဖြစ်သူက သားစိတ်နဲ့ ကြောက်ရွံ့ခြင်းတစုံ တရာမရှိတော့ပဲ ၎င်း ခြသေ့်ကို လက်ဗလာနဲ့ပဲ တိုက်ခိုက်ပြီး သားဖြစ်သူကို ရအောင် ကယ်တင် လာနိုင်ခဲ့ပါတယ်။

ထိုကဲ့သို့ ကယ်တင်နိုင်ခဲ့ပြီး နောက် ၎င်းတို့ရဲ့ သားကို ဆေးရုံအမြန် ပို့ဆောင်ပေးခဲ့ပြီး ကံကောင်းစွာနဲ့ပဲ သားဖြစ်သူက ဒဏ်ရာ အကြီး အကျယ် ရခဲ့တာ မရှိဘူးလို့ သိရှိရပါတယ်။

ထို့နောက် ၎င်း ခြသေ့်ကိုတော့ တိရိစ္ဆာန် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့က လာရောက် ဖမ်းဆီး နိုင်ခဲ့တယ်လို့လဲ သိရှိရပါတယ်။

မိခင်ဖြစ်သူရဲ့ အာဂ လုပ်ရပ်ကြောင့် ကြားမိ သူတိုင်း မလေးစားပဲ မနေ နိုင်ခဲ့ကြပါဘူး။

ယခုဖြစ်ရပ်လိုပဲ တောရိုင်း တိရိ စ္ဆာန်တွေကြောင့် ကယ်လီဖိုးနီးယားမှာ နှစ်ပေါင်း (၅၀) အတွင်း လူတွေကိုအန္တရာယ်ဖြစ်စေခဲ့တဲ့ ဖြစ်စဉ် (၂၉၉) ခုထပ် မနည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။

သြော် မိဘ မေတ္တာဆိုတာ ဒါပါလား။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *