ချောက်ကြီးများရဲ့အထက် အမြင့်ပေ (၄၀၀) ကျော်ရှိတဲ့ကြိုးပုခက်ကို တည်ဆောက်ပြီး စွန့်စားခန်းဖွင့်ခဲ့ကြသူများရဲ့ ပုံရိပ်များ

ချောက်ကြီးများရဲ့အထက် အမြင့်ပေ (၄၀၀) ကျော်ရှိတဲ့ကြိုးပုခက်ကို တည်ဆောက်ပြီး စွန့်စားခန်းဖွင့်ခဲ့ကြသူများရဲ့ ပုံရိပ်များ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ (Utah) နိုင်ငံ (Moab) မြို့ရှိ လူငယ်တစ်စုက စွန့်စားခန်း တစ်ခုဖွင့်ဖို့ ကြံစည်လာခဲ့ကြပါတယ်။ သူတို့က မြင့်မားတဲ့မြင်ကွင်းရှုခင်း သဲကန္တာရရှုခင်း အံ့သြဖွယ် လမ်းကြောင်းများနှင့် ပြီးပြည့်စုံသော ရာသီဥတုတို့အ တွက် အဲ့ဒီစွန့်စားခန်းကို ရွေးချယ်လာခဲ့ကြပါတယ်။

သူတို့အုပ်စုထဲမှ လူဦးရေ ထပ်ဝက်လောက်က ကျွမ်းဘာ ကျွမ်းကျင်သူနှင့် ကြိုးတန်းပေါ် လမ်းလျှောက်သူတို့ ပါဝင်လာခဲ့ပါတယ်။ သူတို့အားလုံးက နှစ်စဉ် နှစ်တိုင်း တူရကီ BASE Boogieနှင့် G.G.B.Y. အတွက် ကမ္ဘာတစ်ဝှမ်းမှ လာကြတဲ့အဖွဲ့တွေလည်း ပါဝင်ပါသေးတယ်။

ယခုနှစ်မှာတော့ သူတို့က အသစ် အဆန်းအဖြစ် Mothership Space Net Penthouse လို့ သူတို့ခေါ်တဲ့ မြင့်မားတဲ့ အနီရောင်ချောက်ကြီးများရဲ့ အထက် ပေ (၄၀၀) ကျော် အမြင့်ရှိတဲ့ မယုံနိုင်စရာကောင်းတဲ့ ကြိုးပုခက်ကို လူအယောက် (၅၀) ကျော်နဲ့ (၄) ရက်အကြာ ဆောက်လုပ်လာခဲ့ကြပါတယ်။

ကြိုးပုခက်ရဲ့ အလယ်တည်တည်မှာ အပေါက်လုပ်ထားပြီး မြေအောက်ကို လေထီးလေးနဲ့ အပျော် စီးချင်သူတွေအတွက်ပါ ဆောက်လုပ်လာပါသေးတယ်။

၎င်း စွန့်စားခန်းက သူတို့အတွက် ကမ္ဘာနှစ်ခုလို ဖြစ်နေခဲ့ပြီး ကြိုးတန်း လမ်းလျှောက်သူတွေအတွက် တစ်ဖက် တစ်ချက်မှာရှိတဲ့ ချောက်ကမ်းပါးပေါ် တစ်လျှောက် (၂၅၀) ပေရှည်လျားတဲ့ ကြိုးတန်းကို အသက်စွန့်ဆံဖျား ကြိုးစားလျှောက်ကြည့်လို့လည်း ရပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူတို့လေးတွေကိုကြည့်ပြီး နှစ်သက်သဘောကြမယ်လို့ထင်ပါတယ်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *