ချစ်ခွင့်ပန်ရင်း အကြောင်းမလှဘဲ ချောက်ကမ်းပါးအောက် ပြုတ်ကျသွားခဲ့တဲ့ ချစ်သူစုံတွဲနှစ်ယောက်ရဲ့ အဖြစ်

ချစ်ခွင့်ပန်ရင်း အကြောင်းမလှဘဲ ချောက် ကမ်းပါးအောက် ပြုတ်ကျသွားခဲ့တဲ့ ချစ်သူစုံတွဲနှစ်ယောက်ရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ Yes လို့ဖြေခဲ့တဲ့ အမျိုးသမီးက တောင်ကမ်းပါးအစွန်းမှ ပြုတ်ကျသွားပြီးနောက် (romantic) ဆန်တဲ့ ချစ်ခွင့်ပန်ခြင်းက အတော်လေးမှား ယွင်းလာခဲ့ပါတယ်။

အသက် (၃၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးက (Austria) နိုင်ငံ (Carinthia) မြို့ရှိ တောင်ကမ်းပါးမှ ဆီးနှင်းတွေ ချော်နေတာကြောင့် (၆၅၀) ပေ (၂၀၀) မီတာရှိတဲ့ ချောက်ထဲသို့ ပြုတ်ကျလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ အသက် (၂၇) နှစ် အ ရွယ်စေ့စပ်ထားတဲ့ သူ့သတို့သားဟာ သူမနောက်ကိုလိုက်ဖို့ ရုတ်တရက် ခုန်ဆင်းခဲ့ပြီး ၎င်း သတို့သားက လေထုထဲမှာ ပေ (၅၀) နီးပါး (၁၇) မီတာအထိ သက်စွန့် ဆံဖျားဖြစ်ခဲ့ရကြောင်း Bildမှ ဖော်ပြလာခဲ့ပါတယ်။

၎င်း နှစ်ယောက်ဟာ အရမ်းကံကောင်းပါတယ် သူတို့က လေထုကိုဖြတ်ပြီး (၁၅) မီတာ လောက်ပျံသန်းခဲ့ကြတာ ကောင် မလေးက ကျောက်တောင် ထိပ်ကိုဖြတ်ပြီး မီတာ (၂၀၀) အထိကျသွားခဲ့ပါတယ်။

ဆီးနှင်းတွေသာ မဖုံးလွှမ်းထားခဲ့ရင် သူတို့ရဲ့အဖြစ်က ကွဲပြားတဲ့ အဖြေဖြစ်သွားလိမ့်မယ်လို့ ရဲအရာရှိတစ်ဦးက ပြောပြလာခဲ့ပါတယ်။ ၎င်း ကံမကောင်းတဲ့ ချစ်သူစုံတွဲဟာ တောင် ထိပ်ကို ခြေလျင်တက်ခဲ့ကြပါတယ်။

မိန်းကလေးက နှင်းတွေကြောင့် ခြေချော်သွားခဲ့ပြီး တောင်ရဲ့အစွန်းအဖျားကို ကျဆင်းသွားတာနဲ့တစ်ပြိုက်တည်း သူမ သ တို့သားကလည်း လိုက်ခုန်ပြီး သူမကို လှမ်းဆွဲဖမ်းခဲ့ပေမဲ့လည်း ကံမကောင်းစွာနဲ့ဘဲ သူလည်း ခြေချော်ပြီး ပြုတ်ကျသွားခဲ့ပါတယ်။

ထို့နောက် အေးခဲနေတဲ့ ရေကန်မှ သူတို့နှစ်ဦးရဲ့ အော်သံကို ကြားလိုက်ရတဲ့ ဖြတ်သွားဖြတ်လာသူက သူတို့ကို တွေ့သွားခဲ့ပါတယ်။ ထိုသူက ရဟတ်ယာဉ်ကို အကူအညီခေါ်ကာ ချောက်ကမ်းပါးအစွန်းသို့ သွားခဲ့ပြီး ၎င်း သ တို့သားဟာ တွယ်ကပ်တက်ပြီး ဘေးကင်းစွာ ကယ်ဆယ်နိုင်လာခဲ့ပါတယ်။

နောက်ဆုံး ပူပူနွေးနွေးစေ့စပ်ပြီးခါစ စုံတွဲကို သူတို့ရဲ့ကျောရိုးဆိုင်ရာ အပ်စပ်တဲ့ ချွင်းယွင်းချက် တွေရှာဖွေရန် ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့ရဲ့ စေစပ့်ညှိနှိုင်းမှုက အစမကောင်းခဲ့ပေမဲ့လည်း အနည်းဆုံးတော့ သားမြေးမြစ်တွေကို ပြန်ပြောလို့ရတာပေါ့။ ရိုလွန်းလည်း မကောင်းပါဘူး။

သူတို့ခဗျာ မသေရုံသမယ် ဖြစ်ခဲ့ရပါတယ်။ ပရိတ်သတ်ကြီးအားလုံးလည်း ၎င်းတို့နှစ်ယောက်အပေါ် ထင်မြင်ချက်လေးတွေ ရေး သားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပ ရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *