ချစ်ခင် လေးစားရတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ဝတ်စုံကိုဝတ်ပြီး တိုင်းရင်းသားတွေကို ဆုတောင်း မေတ္တာပို့လာခဲ့တဲ့ မြနှင်းရည်လွင်

ချစ်ခင် လေးစားရတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ဝတ်စုံကိုဝတ်ပြီး တိုင်းရင်းသားတွေကို ဆုတောင်း မေတ္တာပို့လာခဲ့တဲ့ မြနှင်းရည်လွင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကျမ ချစ်ခင် လေးစားရတဲ့ ကရင် တိုင်းရင်းသားတွေရဲ့ ဝတ်စုံကို ဝတ်ပြီး စစ်အာဏာရှင်ဘေးကို ရင်ဆိုင်နေရတဲ့

တိုင်း ရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံး သဘာဝဘေး လူကြောင့်ဖြစ်တဲ့ ဘေးတွေ အားလုံးကနေ ကင်းဝေးစေကြဖို့ ဆုတောင်း မေတ္တာပို့ပါတယ်။

ဒီဘေးဆိုးတွေကနေ ကျော်လွှားနိုင်ဖို့ ကျမ အားလုံးနဲ့ အတူတူရှိနေပါတယ်။ စစ်အာဏာရှင်ဘေးကို အတူတူ ကျော်လွှားကြမယ်။

အခု ကျွန်မတို့ တိုင်းပြည်ဟာ သဘာဝဘေး ကပ်ရောဂါဘေးတွေ သာမက စစ်အာဏာ သိမ်းမှုကြောင့် ဖြစ်လာတဲ့ လူကြောင့်ဖြစ်တဲ့ ဘေးဒဏ်ကိုပါ ဆိုးဆိုး ရွားရွား ခံစားနေကြရပါတယ်။

အဲဒါကြောင့် စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်းနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ဘေးသင့် ပြည်သူတွေကို ကူညီစောင့်ရှာက်ဖို့

အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်း ပြဖို့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက် ဆုံး ရှုံးနိုင်ခြေ လျှော့ချရေးနေ့ ဖြစ်တဲ့

အောက်တို ဘာလ ၁၃ ရက်နေ့မှာ ပြုလုပ်မယ့် ဒီ ကမ်ပိန်းလေးမှာ အတူပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ် ပြီးရင် လူသားချင်း စာနာမှု ကို ပြသတဲ့ အဓိပ္ပါယ် နဲ့

ညာဘက်လက်ကို ဘယ်ဘက် နှလုံးသားပေါ်တင် တော်လှန်ရေး သင်္ ကေတ လက် ၃ ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေရင်း ဒီ ကမ်ပိန်းမှာ ပါဝင်ပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ တိုင်းရင်းသားဝတ်စုံက ကိုယ်စားပြုလူမျိုးက ဘာလဲ၊ အဲဒီ ဒေသတွေမှာ ရှိတဲ့ စစ်ဘေးရှောင်

ပြည်သူတွေနဲ့ အတူတကွ ရှိနေပြီး စာနာ ထောက်ထား အားပေး ကူညီတာတွေ လုပ်နေပါတယ် စတဲ့ နှစ်သက်ရာ caption နဲ့

Only Together DRRDay 2021 Myanmar Stop Manmade Disasterin Myanmar ဆိုတဲ့

hashtag စာသားလေးတွေကို တွဲတင်ပေးပြီး ဒီကမ်ပိန်းမှာ အားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်။

ပရိတ်သတ်တွေ အတွက် ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင် လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *