ချစ်ခင်ရတဲ့ ပရိတ်သတ်တွေကို တောင်းဆိုမှုလေး တစ်ခု ပြုလုပ်လာခဲ့တဲ့ ပိုင်ဖြိုးသု

ချစ်ခင်ရတဲ့ ပရိတ်သတ်တွေကို တောင်းဆိုမှုလေး တစ်ခု ပြုလုပ်လာခဲ့တဲ့ ပိုင်ဖြိုးသု

မင်္ဂလာပါ ချစ် ပရိသတ်ကြီးရေ ပိုင်ဖြိုးသု ဟာဆိုရင်တော့ တော်လှန်ရေး စတင်ချိန်မှစ၍ ခုလက်ရှိ အချိန်ထိ အာဏာရှင်ကို တွန်းလှန်နေဆဲ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် လွတ် မြောက် နယ်မြေမှာ တိမ်းရှောင် နေရပါတယ်။

မကြာသေးခင်ကပဲ သူမရဲ့ မိဘတွေက သတင်းစာမှ သမီးအဖြစ်မှ အမွေဖြတ် စွန့်ပစ်လိုက်တဲ့ သတင်းကို ပရိတ်သတ်အားလုံးလည်း သိကြမှာပါ။

ဒါကြောင့် ပိုင်ဖြိုးသု ရဲ့အနုပညာရှင် မောင်နှမတွေနဲ့ ပတ်သတ်သူတွေက သူမ အတွက် စိတ်မကောင်း ဖြစ်နေကြပါတယ်။

မိဘတွေ အမွေဖြတ် စွန့်လွှတ်တဲ့ တိုင်အောင် ပိုင်ဖြိုးသု ဟာ ယုံကြည်ချက်ကို ခိုင်ခိုင်ထားပြီးတော့ ဒီမိုကရေစီ ပန်းတိုင် အတွက် ဆက်လက် တိုက်ပွဲဝင်နေဆဲ ပင်ဖြစ်ပါတယ်။

မကြာသေးခင်နာရီပိုင်းလောက်က သူမက ပရိတ်သတ်တွေကို တော်လှန်ရေးနဲ့ ပတ်သတ်တဲ့ အကြောင်း အရာ တစ်ခုကို တောင်းဆို လာခဲ့ပါတယ်။

ဒီတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ ဘယ်တော့မှာ အိမ်ပြန်လို့ မရတော့တဲ့ သူတွေရှိတယ်။

အိုးပစ် အိမ်ပစ် တောခို သွားရသူတွေရှိတယ်။ အိုး အိမ်စွန့်ခွာ ပုန်းနေပြေးနေရသူတွေ ရှိတယ်။

ကိုယ့်ပင် ကိုယ်အသက် မွေးဝမ်းကြောင်းတွေကို စတေး ပစ်လိုက်ရတဲ့ CDM ဝန်ထမ်းတွေ ရှိတယ်။

တော်လှန်ရေး ရက်ရှည်လာလို့ အားလုံး ပင်ပန်းလာကြပြီ ဆိုတာ နားလည်ပါတယ်။

အလှူရှင်တွေ ပမ်းကြရောပေါ့ ဒါပေမယ့် အားမလျှော့လိုက်ကြပါနဲ့ လွှတ်မချလိုက်ကြပါနဲ့အုံး။

အိမ်မပြန် နိုင်တော့သူတွေရဲ့ အသက်တွေ အချည်းနှီး မဖြစ်စေဖို့ အိမ်ကို စွန့်ခွာလာရသူတွေ အိမ်ပြန်နိုင်ဖို့ မိမိ career တွေစတေးခဲ့ရသူတွေ လူမှန် နေရာမှန် ပြန်ရောက်နိုင်ဖို့ ဆက်လက် ကူညီပေးကြပါ။

ငွေအားနဲ့ မကူနိုင်တော့ရင်တောင် အချိန်လေးတွေ ရရင်ရသလို ပေးလှူပေးကြပါ။

Click2donate ရဲ့ daily mission တွေ ပါဝင်ပေးကြပါ။

ThaDin app လေးသုံးပြီး သတင်းတွေ ဖတ်ပေးကြပါ။

game ဆော့ရတာ ကြိုက်သူတွေ အတွက် Su Yad anar’s Adventures, Play2Support PDF Hero တွေမှာgame တွေဝင်ဆော့ပေးကြပါ။

ငါတစ်ယောက် လက်လျှော့လိုက်လို့ ဘာမှ မထူးပါဘူး မထင်ပါနဲ့ အဲ့တစ်ယောက် တစ်ယောက်ချင်းတွေ များလာလေလေ တစ်ချို့ တစ်ချို့တွေ အတွက်

အိမ်ပြန်ဖို့ လမ်းတွေ ဝေးလေလေ ဖြစ်နေလို့ပါ လို့ သူမရဲ့ လူမှု့ကွန်ယက် စာမျက်နှာမှ တဆင့် ရေးသား လာခဲ့ပါတယ်။

လွတ်မြောက် နယ်မြေ ရောက်ရှိနေတဲ့ မင်းသမီး ပိုင်ဖြိုးသု ရဲ့ တောင်းဆိုချက် အတိုင်း သူမပြောတဲ့ နည်းလမ်း‌လေးတွေနဲ့ အချိန်လေး ပေးပြီး လှူဒါန်း ခဲ့ပါအုံး။

ပရိတ်သတ်တွေ အတွက် ပြန်လည် တင်ဆက် ပေး လိုက်ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *