ခု လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေကို တောင်းပန်လာခဲ့တဲ့ စည်သူဝင်း

ခု လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေကို တောင်းပန်လာခဲ့တဲ့ စည်သူဝင်း

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ MRTV-4 ဇာတ် လမ်းတွဲတွေမှာ သရုပ်ဆောင်တဲ့ မင်းသားလေး စည်သူဝင်းက မြန်မာနိုင်ငံရဲ့ အမျိုးသမီးထုကြီး တစ်ခဲ နက် အားပေးကြတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ သူ့ရဲ့ ပရိတ်သတ်တွေ အတွက် စိတ် အနှောင့်ယှက် ဖြစ်စရာ ကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ စည်သူဝင်းက ပရိတ်သတ်တွေကိုလူမှုကွန်ယက် စာမျက်နှာကနေ တဆင့် တောင်းပန် စကားဆိုလာခဲ့ပါတယ်။

ခုဖြစ်ပေါ်နေတဲ့ ကျွန်တော့ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျွန်တော့ကို အားပေးနေတဲ့ ပရိတ်သတ်တွေ စိတ် အနှောက် အယှက်ဖြစ်သွားရင် အနူး အညွတ်တောင်းပန် ပါတယ် ဗျာ။

ကဲ ကိုလည်း အပြင်က တောင်းပန်တာ လက်မခံတဲ့ အတွက် ဒီကနေဘဲ တောင်းပန်ပါတယ်။

မှားခဲ့ပါတယ် စိတ်ဒဏ်ရာ ရအောင် လုပ်မိခဲ့ပါတယ် ကဲ နဲ့အဆင်မပြေတဲ့ အချိန်မှာ ဒီလို ကိစ္စတွေဖြစ်ခဲ့ပြီး ရပ်သင့်တဲ့ အချိန်မှာ မရပ်နိုင်ခဲ့တာလည်း

ကို့အမှား တွေပါဘဲ ပြီးတော့ ကဲ ကို လိုက်နှောက်ယှက်နေတာ မဟုတ်ပါဘူး။ တောင်းပန်စကားပြောချင်တာပါ ကို့ အပစ် အတွက် ပေးဆပ်ဖို့လည်း အသင့်ပါ ဘဲ။

ဒီကိစ္စမှာ ပါဝင်နေတဲ့ တစ်ဖက် မိန်းကလေးကိုလည်း တကယ် အားနာပါတယ်။ အားလုံးက ကျွန်တော့ အပစ် ကျွန်တော့အမှားပါ အားလုံးကိုလည်း တောင်းပန်ပါတယ်။

အခုဖြစ်သွားတဲ့ ကိစ္စတွေက ကျွန်တော်ဘက်က အ မှား မလုပ်ဖူးဆို ဖြစ်လာမှာ မဟုတ်တဲ့အတွက်ကြောင့်နောက်ထပ် ဒီလို ကိစ္စလည်း ထပ်ဖြစ်စရာ မရှိလောက်အောင် နောင်တလည်း ရနေပါပြီ။

ပြီးတော့ ဒီလို နိုင်ငံရေး အခြေနေ အဆင်မပြေတဲ့ ကြားက ကျွန်တော့ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကြောင့် စိတ် အနှောက် အယှက်ဖြစ်ရတဲ့

သူတစ်ယောက် ခြင်းစီကိုလည်း တောင်းပန်ပါတယ် လို့သူ့ရဲ့ ဖေ့ဘွတ်စ် အကောင့်ကနေ တစ်ဆင့် တောင်း ပန်စကား ဆိုလိုက်ပါတယ်။

ပရိတ်သတ်တွေကလည်း စည်သူဝင်း အပေါ် နားလည်စေချင်ပါတယ်။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *