ခုလို ခေတ်ပျက်ကြီးထဲမှာတောင် အလှူအတန်း ဗန်းပြပြီး မူးရူးသူတွေကို ဒဲ့ပြောလာခဲ့ Rဇာနည်

ခုလို ခေတ်ပျက်ကြီးထဲမှာတောင် အလှူအတန်း ဗန်းပြပြီး မူးရူးသူတွေကို ဒဲ့ပြောလာခဲ့ R ဇာနည်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အဆိုတော် R ဇာ နည်က ပရိတ်သတ်တွေရဲ့ နှလုံးသားကို

အစဉ် ထာဝရ ပိုင်ဆိုင်ထားနိုင်သူ အဆိုတော် တစ်ယောက်ဆိုလည်း မမှားပါဘူး။

ခုလက်ရှိ မြန်မာ့ နိုင်ငံရေး အရှုပ် အထွေးတွေမှာလည်း R ဇာနည်က တရားသော ဓမ္မဘက်ကနေ

ရပ် တည်ပြီး ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီ အတွက်ကြောင့်လည်း အိုး အိမ်ကိုပစ်ပြီး လွတ် မြောက်ရာ နေရာကို တိမ်းရှောင်နေရတဲ့

R ဇာနည်က အရင်လို အနုပညာ အလုပ်တွေကို မလုပ်ကိုင်နိုင်သေးတာပဲ ဖြစ်ပါတယ်။

တန်ဆောင်မုန်း လပြည့်နေ့မှာလည်း အပျော် အပါးမက်ကြတဲ့ အချို့ မြန်မာလူမျိုးတွေက ဘာသာရေးကို

ခုတုံးလုပ်ပြီး လည်ပတ် ပျော်ရွှင် သောက်စား မူးရစ်နေကြလျက် ရှိပါတယ်။

၎င်းကိစ္စနဲ့ ပက်သတ်ပြီး R ဇာနည်က “သေကြ ကျေကြ ဖမ်းကြ စီးကြ ရဲ့ တဖက်မှာ လှူကြ တန်းကြ

ပျော်ကြ ရွှင်ကြ မူးကြ ရူးကြ” ဆိုပြီး သူ့ရဲ့ အမြင်ကို ပြောလာခဲ့ပါတယ်။

R ဇာနည်က ဘာသာရေးကို အကြောင်းပြပြီး ခေတ်စနစ်ဆိုးကြီးမှာ ပျော်ပါး မူးယစ်နေသူတွေကို

ဖမ်းဆီးခံရသူ အသက်ပေးရသူတွေကို အားနာတတ်ဖို့ ဒဲ့ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေရဲ့ အမြင်ရော Rဇာနည်ပြောခဲ့တာနဲ့ တထပ်တည်း ကျရဲ့လာဗျာ။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *