ခုလိုအခြေ အနေမျိုးမှာ အပူပင်မရှိ ပျော်ပါးနေကြတဲ့ လူတချို့ကို ထိထိမိမိပြောလာခဲ့တဲ့ နေခြည်ရွန်းလဲ့

ခုလိုအခြေ အနေမျိုးမှာ အပူပင်မရှိ ပျော်ပါးနေကြတဲ့ လူတချို့ကို ထိထိမိမိပြောလာခဲ့တဲ့ နေခြည်ရွန်းလဲ့

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အခု တစ်ခါမှာ ဆိုရင်တော့သရုပ်ဆောင် နေခြည်ရွန်းလဲ့က မြန်မာနိုင်ငံက အခုဆိုရင် မြေကြီးထဲ ဝင်နေပြီဆိုတဲ့ အကြောင်းကို သူမရဲ့ ခံစားချက်တွေနဲ့ အခုလို ပြောပြ လာခဲ့တာပဲ ဖြစ်ပါတယ်။

နေခြည်ရွန်းလဲ့ကဒီနိုင်ငံကြီး မြေကြီးထဲ ဝင်နေပြီ နောက်နေ့ အတွက် မပြောနဲ့ ဒီနေ့တောင် ဒီနေ့ မနက်နဲ့ ညနေနဲ့ မတူတော့ဘူး။

စားသောက်ဖို့ မသေချာတော့တဲ့ ဘဝ လူလတ် တန်းစားတွေတောင် စားသောက်ဖို့ မနည်း ရုန်းကန်နေရတယ်။

နေခြည်က အလုပ် မရှိတည်းက အခြေခံ လူတန်းစား ဖြစ်နေခဲ့ပြီးပြီ နေခြည်လည်း ပျော်ချင်ရင် သိပ်ရတာပေါ့။

နေခြည်တို့ရဲ့ အနာဂတ်တွေကို လွှင့်ပစ် လိုက်မယ်။

မိဘကို လုပ်ကျွေးချင်တဲ့ စိတ်လေး ထပ်လွှင့်ပစ်လိုက်မယ်။

အကြီး ဆိုတော့ အငယ်ပေါ် တာဝန် ယူမယ့်စိတ်တွေ လွှင့်ပစ်လိုက်မယ်။

ရည်မှန်းချက် ရည်ရွယ်ချက်တွေ လွှင့်ပစ် လိုက်မယ်ဆိုရင် ပျော်နေလို့ ရတာပေါ့။

ဒါတွေ အားလုံးဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာ တစ်ချက် သတိရကြပါ။

အာ့တာကို ဒီအချိန်မှာ ပျော်တာလည်း ပျော်ကြပေါ့။ သူများ လွတ်လပ်ခွင့်လည်း မပိတ်ချင်ပါဘူး။

ဘာလို့ ပျော်နေကြတာလဲတော့ နေခြည် နားမလည်တော့ဘူး ဆိုပြီးတော့ သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသား ဖော်ပြထားပါတယ်။

ပရိတ်သတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *