ခုလတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုရီးယား ပန်းချီဆရာတွေက ပုံလေးတွေရေးဆွဲပြသခဲ့တဲ့ ပန်းချီပြပွဲပုံရိပ်များ

ခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုရီးယား ပန်း ချီဆရာတွေက ပုံလေးတွေရေးဆွဲပြသခဲ့တဲ့ ပန်း ချီပြပွဲပုံရိပ်များ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့ အရေး ကိစ္စမှာဆိုရင် တစ်တပ် တစ်အား ပါဝင်အားဖြည့်ပေးကြတဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယား နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။

တောင်ကိုရီးယား ပြည်သူတွေကတော့ သူတို့နိုင်ငံမှာ ခေတ္တရောက်ရှိနေကြတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အလုပ် လုပ်ကိုင်နေကြတဲ့ သူတွေကို အားပေး ကူညီနေကြတာပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေက လူထုလှုပ် ရှားမှုတွေပြုလုပ်တဲ့ အခါမှာလည်း ကိုရီယား ပြည်သူတွေက တက်တက် ကြွကြွနဲ့လှုပ်ရှားပေးကြတာပဲ ဖြစ်ပါတယ်။ဒါ့အပြင်လည်း ကိုရီးယား လူမျိုး ကလေးငယ်လေးတွေကပါ မြန်မာစာပေနဲ့ စာလေးတွေ ရေးသားပြီး အားပေးစကားပြော ပေးကြသေးတာပဲ ဖြစ်ပါတယ်။

အခုလိုမျိုး တောင်ကိုရီးယား နိုင်ငံကလည်း မြန်မာ လူမျိုးတွေရဲ့ အခြေအနေကို ကိုယ်ချင်းစာကြလို့ သူတို့တွေကလည်း တတ်နိုင်သလောက် ကူညီပေးကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင်လည်း ကိုရီးယား ပန်းချီ ဆရာတွေက မြန်မာနိုင်ငံမှာ ဖြစ်ပျ က် ခဲ့တဲ့ သမိုင်းဝင် ပုံရိပ်လေးတွေကို အမှတ်တရ ပန်းချီတွေ ရေးဆွဲပြီး ပြခန်းမှာ ပြသထားတာပဲ ဖြစ်ပါတယ်။ မြန်မာ့ အရေးကိစ္စကို သေသေ ချာချာ ပုံလေးတွေဆွဲထားကြတဲ့ ပန်းချီ ဆရာတွေရဲ့ လက်ရာက အရမ်း အသက်ဝင် လှပါတယ်။

လူထုလှုပ် ရှားမှုတွေမှာ ပါဝင်ရင်း အသက်ပေးသွား ရတဲ့ သူရဲကောင်းတွေရဲ့ နောက်ဆုံး အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ပန်းချီအဖြစ် မြင်တွေ့နေရတာဖြစ်ပါတယ်။

မြန်မာ ပြည်သူ၊ ပြည်သားတွေရဲ့ ဒုက္ခ အခက် အခဲတွေကို ကိုယ်ချင်းစာပေးပြီး အမှတ်တရ လေးတွေ ဖန်တီး ပေးထားကြတဲ့ ကိုရီးယား ပန်းချီဆရာတွေရဲ့ လက်ရာလေးတွေကိုပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူရဲကောင်လေးတွေရဲ့ ပန်ချီပုံရိပ်လေးတွေကို နှစ်သက် သဘောကြမယ်လို့ ထင်ပါတယ်။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူး တင်လျက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *