ခုလက်ရှိ အခြေအနေမပြီးမချင်း အိမ်ပြန်မအိပ်ဘူးဆိုပြီး လမ်းမပေါ်မှာပဲ အဆင်ပြေသလိုလေးအိပ်နေကြတဲ့ ပြည်သူတချို့ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ခုလက်ရှိ အခြေအနေမပြီးမချင်း အိမ်ပြန်မအိပ်ဘူးဆိုပြီး လမ်းမပေါ်မှာပဲ အဆင်ပြေသလိုလေးအိပ်နေကြတဲ့ ပြည်သူတချို့

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ Gen Zတွေကတော့ အခုလိုအချိန်မျိုးမှာ သူတို့ရဲ့ရဲစွမ်းသတ္တိတွေကို ထုတ် ပြနေပြီး ရှေ့ဆုံးကနေ ပါဝင်ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။

ပြည်သူလူထုကလည်း ဒီနေ့အချိန်ထိတိုင် မလျော့သော ဇွဲ လုံ့လ၊ဝီရိယတို့နဲ့ ရင်ဆိုင်နေကြဆဲဖြစ်ပြီး မိမိတို့ စွမ်းဆောင်နိုင်သလောက် တာဝန်တွေကို ကိုယ်စီထမ်းရွက်နေကြတာ ဖြစ်ပါတယ်။

Gen X,Y,Zတွေကို Gen Alpha လေးတွေကပါ တစ်ထောင့် တစ်နေရာက နေပါဝင်ကူညီပေးနေကြတာဖြစ်ပါတယ်။

ခုလက်ရှိ အခြေ အနေတွေကတော့ နှစ်လပြည့်သွားသည့်တိုင်အောင် လူထုလှုပ်ရှားမှုတွေကို ဆက် လက်ပြုလုပ်နေကြတာကို တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။

လူငယ်တွေကလည်း နေ့စဉ် ရက်ဆက် ရင်ဆိုင်နေရပေမယ့် မမော မပန်းနိုင်ကြဘဲ ခွန်အား အပြည့်ရှိနေကြတာ ဖြစ်ပါတယ်။

အခုဆိုရင်လည်း တချို့လူငယ်တွေက “လက်ရှိ အခြေအနေ မပြီးမချင်း အိမ်ပြန် မအိပ်ဘူး” ဆိုပြီး လမ်းမပေါ်မှာပဲ အိပ်နေကြတာဖြစ်ပါတယ်။

နေ့ဘက်တွေမှာ ပင်ပင် ပန်းပန်း လှုပ်ရှားနေကြတဲ့ လူငယ်တွေကတော့ ညဘက်ဆိုလည်း လမ်းပေါ်မှာအခင်းလေးတွေ ခင်းပြီး ခဏတာ အိပ်စက် အနားယူနေကြတာဖြစ်ပါတယ်။

ရှေ့တန်းကနေ အသက်ပေးပြီးကာကွယ်နေကြတဲ့ လူငယ်တွေကိုလည်း ပြည်သူတွေကလေးစားနေကြတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူလူထုကလည်းအပြန်အလှန်ကာကွယ်စောင့်ရှောက်ပေးကြတာဖြစ်လို့ ကြုံဆုံလာရတဲ့အခက်အခဲတွေကို အတူတူမျှဝေခံစားပေးနေကြတာ ဖြစ်ပါတယ်။

အခုလို အချိန်မျိုးမှာ လမ်းပေါ်ထွက်ရင် အသက် အန္တရာယ် မလုံခြုံဘူးဆိုတာကို သိပေမယ့်လည်း လူငယ်တွေကတော့ နေ့ဘက်တင်မကဘဲ ညဘက်တွေပါ လမ်းပေါ်မှာနေကြတာဖြစ်ပါတယ်။

လမ်းပေါ်မှာ အဆင်ပြေသလို လေးအိပ်နေကြတဲ့ ပြည်သူတချို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *