ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို ပြောပြလာတဲ့ သရုပ်ဆောင် နေတိုး

ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို ပြောပြလာတဲ့ သရုပ်ဆောင် နေတိုး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သူလဲ နှင်းဆီအဖွဲ့ရဲ့ ဆူးများရှင်ပဲလေ အဲ့ဒါတွေကြောင့် ချစ်တာ ရှင်သန်နေဆဲ နှင်းဆီသို့ မြန်မာ ပြည်သူ ပြည်သားတွေက

စိတ်အားထက် သန်မှုအပြည့်နဲ့ လူထု လှုပ်ရှားမှုတွေမှာ မမောနိုင် မပန်းနိုင် ပါဝင်နေကြတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိကြတဲ့ ပြည်သူတွေလည်းများစွာရှိနေခဲ့ပါတယ်။

လူထု လှုပ်ရှားမှုမှာ ပါဝင်ကြရင်း အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေလည်း ရှိနေခဲ့ပြီး ယနေ့မှာလည်း လူထု လှုပ်ရှားမှု ပြုလုပ်ကြရင်း ကြွေလွင့်ခဲ့ ရသူတွေ ရှိနေခဲ့ပါတယ်။

သရုပ်ဆောင် နေတိုးက လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက် စာမျက်နှာထက်မှာ မျှဝေပေးလေ့ ရှိပါတယ်။

အနုပညာရှင်တွေ များစွာကလည်း အမှန်တရား ဘက်ကနေ ရပ်တည်လျက် ရှိနေပြီး ပြည်သူတွေနဲ့အတူ လူထု လှုပ်ရှားမှုတွေမှာ တက်တက် ကြွကြွ ပါဝင်နေခဲ့ ကြပါတယ်။

နေတိုးက မြန်မာ ပြည်သူတွေ ဘက်ကနေရပ်တည် လျက်ရှိနေပြီး လူထု လှုပ်ရှားမှုတွေမှာလည်း ပါဝင်လျက် ရှိနေခဲ့ပါတယ်။

နေတိုးက ယခုချိန်မှာ သွေးခွဲတိုင်း ကွဲရအောင် ပြည်သူတွေမှာ မျက်စိတွေ နားတွေပါပြီး အခုဆိုရင် မိသားစုတစ်ခု တည်းလို ဖြစ်သွားတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

နေတိုးကအားလုံး တစ်စိတ်တည်း သွေးခွဲတိုင်း ကွဲရအောင်ပြည်သူတွေမှာ မျက်စိတွေနားတွေ ဦးနှောက်တွေ ပါတယ်။

အခုဆိုရင် ပြည်သူတွေ အားလုံးက မေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ မိသားစု တစ်ခုတည်း ဖြစ်သွားကြပြီဗျ ပြည်သူ့ ဘက်မှာ ပြည်သူတွေ ရှိနေသရွေ့

ပြည်သူတွေ အမြဲနိုင်နေဦးမှာပါ ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထား ခဲ့ပါတယ်။

ယနေ့မှာ လူထုလှုပ်ရှားမှု ပြုလုပ် နေကြတဲ့ မြန်မာပြည်သူတွေ ဘေးရန် ကင်းရှင်း ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပေးလိုက် ရပါတယ်။

ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ် တစ်ယောက်စီတိုင်းကို ကျေးဇူး အထူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *