ခုလက်ရှိခင်ပွန်းကို ကွာရှင်းခဲ့ပြီး ခင်ပွန်းပါသားနဲ့လက်ထပ်ပြီး (၁) လအတွင်း ကိုယ်ဝန် ဆောင်လာခဲ့တဲ့ အမျိုးသမီးတစ်ဦး

ခုလက်ရှိခင်ပွန်းကို ကွာရှင်းခဲ့ပြီး ခင်ပွန်းပါသားနဲ့လက်ထပ်ပြီး (၁) လအတွင်း ကိုယ်ဝန် ဆောင်လာခဲ့တဲ့ အမျိုးသမီးတစ်ဦး

ကဲ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့်အ ကြောင်းလေးကတော့ရုရှားနိုင်ငံ Krasnodar Krai ပြည်နယ်မှ social influencer တစ်ဦးဖြစ်တဲ့ အသက် (၃၅) နှစ်အရွယ် Marina Balmasheva အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးက ခင်ပွန်းပါသားနဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထားခဲ့တဲ့အတွက် အသက် (၄၅) နှစ်အရွယ် ခင်ပွန်းအား ချန်ရစ်ကာ ကွာရှင်းပစ်ခဲ့ပါတယ်။

Marina က ၎င်း ခင်ပွန်းဟောင်း Alexey နဲ့ သူ့ရဲ့သားဖြစ်တဲ့ Vladimir တို့နဲ့အတူ (၁၀) နှစ်အကြာ အတူနေထိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ သူမက Vladimir အတွက် Alexey နဲ့ ကွာရှင်းခဲ့ပြီးလွန်ခဲ့တဲ့နွေရာသီကမှ Vladimir နဲ့ လက်ထပ်ခဲ့တဲ့ သူမက ခုလက်ရှိမှာ ကိုယ် ဝန် (၈) လ ရှိနေပါပြီ။

ဒေသခံ မီဒီယာများအရ Instagram မှာ (၅၂၆၀၀၀) follower ရှိတဲ့ Marina နဲ့ သူမရဲ့ ခင်ပွန်းအသစ် Vladimir တို့က ကလေး (၄) ယောက်ကို ကျွေးမွေးစောင့်ရှောက်နေခဲ့တဲ့ Alexeyနဲ့ စကားမပြောကြကြောင်း ဖော်ပြလာခဲ့ပါတယ်။

Marinaက ခင်ပွန်းဟောင်း Alexey နဲ့လက် ထပ် ထိမ်းမြားမှုက ရှင်သန်ခြင်းမဟုတ်ဘဲ ဟန်ဆောင်ခြင်းလို့ ပြောလာခဲ့ပါတယ်။ Marina က သူမရဲ့မိသားစုကို ဖျက်ဆီးလိုက်တာကို နောင်တရလားလို့မေးရင် ဟုတ်သလို မဟုတ်ဘူးလို့လည်း ဖြေလို့ရပြီး မိခင်နဲ့ ဖခင်တို့ရဲ့တည်ရှိမှုကို သူမ ဖျက်ဆီးပစ်ခဲ့တာကိုတော့ ရှက်မိတယ်လို့ ပြောခဲ့ပါတယ်။

သူမရဲ့ ခင်ပွန်းဟောင်းဆီကို ပြန်မသွားသလို သူ့ကိုလည်း မမုန်းပါဘူးလို့လည်း ပြောခဲ့ပါသေးတယ်။ Alexey က လူကောင်းတစ်ယောက်ဖြစ်ပြီး ကျွန်မတို့ ကလေးအတွက် ကောင်း မွန်တဲ့ အဖေတစ်ယောက်ပါ။ က လေးတွေအတွက် ကျွန်မတို့ရဲ့မိသားစုအ ပြောင်းအလဲက အေးဆေးပါဘဲလို့ Marina ရဲ့ Instagram မှာ ခင်ပွန်းဟောင်းအကြောင်းကို ပြောပြခဲ့ပါသေးတယ်။

ကွာရှငးပြီးနောက် Marinaက သူမ ချစ်တဲ့ သူနဲ့သူမကို အရမ်းချစ်တဲ့ Vladimir နဲ့ မြို့ပြကြီးမှာ ပြောင်းရွေ့နေထိုင်လာခဲ့ကြပါတယ်။ ခုလက်ရှိမှာတော့ သူမက Vladimir က ကျွန် မကို နားလည်ပေးသလို ကျွန်မတို့မှာ က လေးတစ်ယောက်ရှိလာတော့ပါမယ်။ တစ်ယောက်ထပ်မကလည်း ဖြစ်နိုင်တယ်။

သူ့နဲ့အတူ ခိုင်မာတဲ့ အိမ်ထောင်ရေးဘဝကို တည်ဆောက်မှာပါလို့ Vladimirနဲ့အတူ တည်မြဲတဲ့အိမ်ထောင်ရေးကို တည်ဆောက်ဖို့ ကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။ထို့ နောက် Vladimir က သူမကို ကျွေးမွေးဖို့ သူ့ခြေထောက်ပေါ် သူရပ်တည်နေနိုင်ပြီဖြစ်ပြီး သူမက Vladimirရဲ့စပွန်ဆာမဟုတ်ကြောင်းနှင့် သူမက Vladimir ကို ဘေးကနေ အ ပြည့်အဝ ထောက်ပံပေးသွားမယ်ဖြစ် ကြောင်း Marina က ပြောဆိုခဲ့ပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူမတို့နှစ်ယောက်အပေါ် မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း အထူးကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *