ခိုင်နှင်းဝေရဲ့ အောက်စီဂျင် လှူဒါန်းမှုမှာ တတ်နိုင်သလောက် ပါဝင် လှူဒါန်းလာခဲ့တဲ့ နေမျိုးအောင်တို့ မိသားစု

ခိုင်နှင်းဝေရဲ့ အောက်စီဂျင် လှူဒါန်းမှုမှာ တတ်နိုင်သလောက် ပါဝင် လှူဒါန်းလာခဲ့တဲ့ နေမျိုးအောင်တို့ မိသားစု

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းသားကြီး နေမျိုးအောင်က ပရိတ်သတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အပြည့် အဝ ရရှိထားတဲ့ ပရိတ်သတ် အချစ်တော် အနုပညာရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး။

ခု လက်ရှိမှာတော့ အနုပညာ အလုပ် တွေကို လုပ်ကိုင်ခြင်း မရှိတော့ဘဲ ချစ်ရတဲ့ သူရဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်စွာ နေထိုင်ရင်း ဘဝကို အေးချမ်းစွာနဲ့ ဖြတ်သန်း နေခဲ့ပါ တယ်။

မကြာခဏ ဆိုသလို နေမျိုးအောင်တို့ မိသားစုက ပြည်သူတွေ အတွက် လိုအပ်နေတာတွေကို အခါ အ

ခွင့်သင့်ရင် သင့် သလို လိုက်လံ လှူဒါန်းပေးနေခဲ့ပြီး လတ်တလောမှာလည်း အောက်စီဂျင် လှူဒါန်းမှုမှာ ပါဝင် လှူဒါန်းပေးခဲ့ ပါသေးတယ်။

ခိုင်နှင်းဝေရဲ့ ပရဟိတ လူငယ်လေးများ အသင်းကနေ ခိုင်နှင်းဝေက ကိုယ်တိုင် ဦးဆောင်ပြီး အောက်စီဂျင် တွေကို ဝယ်ယူပြီး လိုအပ်နေတဲ့ ပြည်သူတွေထံကို

ရောက်အောင် လိုက်လံ လှူဒါန်းပေးနေတဲ့ အောက်စီဂျင် လှူဒါန်းမှုမှာ နေမျိုးအောင် တို့မိသားစုက တတ် နိုင်သလောက် ကာလ ဒါန အလှူ လေး အနေနဲ့ ပါဝင် လှူဒါန်းခဲ့ တာဖြစ်ပါတယ်။

အောက်စီဂျင် ဝယ် ယူဖို့ အတွက် အောက်စီဂျင် အလှူ အနေနဲ့ (၅) သိန်း ကျပ် ကို လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး

အခုလို ကာလမှာ အမှန်တကယ် ပြည်သူတွေအတွက် လိုအပ်နေတာကို စေတနာထက် သန်စွာနဲ့ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ နေမျိုးအောင်တို့ မိသားစုရဲ့ အလှူလေးကို ပရိတ်သတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ မျှ ဝေ ဖော်ပြ ပေးလိုက် ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *