ခရီးသွားတစ်ဦးရဲ့ဖိနပ်ကိုမျိုချခဲ့မိတဲ့ အရှည်ဆယ်ပေခွဲရှိတဲ့မိကျောင်း ခွဲစိတ်ကုသမှုခံယူခဲ့ရ

ခရီးသွားတစ်ဦးရဲ့ဖိနပ်ကိုမျိုချခဲ့မိတဲ့ အ ရှည်ဆယ်ပေခွဲရှိတဲ့မိကျောင်း ခွဲစိတ်ကုသမှုခံယူခဲ့ရ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အရှည်ဆယ်ပေခွဲ အထိရှိပြီး အလေးချိန်ပေါင် (၃၅၀) အ ထိ ရှိတဲ့ မိကျောင်းတစ်ကောင်ဟာ ကမ္ဘာလှည့် ခရီးသွားတစ်ဦးရဲ့ ဖိနပ်ကို စားမိခဲ့ပြီး နှစ်လအကြာမှာတော့ အောင်မြင်တဲ့ခွဲစိတ်ကုသမှုကို ခံယူခဲ့ရတယ်လို့ abc news က ဖော် ပြခဲ့ပါတယ်။

ဖလော်ရီဒါ ပြည်နယ်အတွင်းက စိန့်သြဂတ်စတင်း မှာရှိတဲ့ Alligator Farm သတ္တဗေဒ ဥယျာဉ်အတွင်း နေထိုင်တဲ့ မိကျောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Anuket လို့ အမည်ရတဲ့ ဒီမိကျောင်းဟာ ပြီးခဲ့တဲ့နှစ် ၊ ဒီဇင်ဘာလ အတွင်း Ziplining ( ကောင်းကင်ကြိုးစီးခြင်း) ပြုလုပ်ခဲ့တဲ့ ခရီး သည်တစ်ဦးရဲ့ ဖိနပ်က သူတို့နေထိုင်ရာ ကန်အတွင်း ပြုတ်ကျခဲ့ပြီးနောက် စားသုံးခဲ့မိတာလို့ သိရပါတယ်။

ဒါပေမယ့်လည်း အသက်ရှင်နေနိုင်ခဲ့လို့ ကံကောင်းထောက်မခဲ့ပြီး ဥယျာဉ်ထိန်းသိမ်းရေး တာဝန်ရှိသူတွေက ကုသပေးနိုင် ခဲ့ပါတယ်။

“Anuket က ဖိနပ်ကို မျိုချခဲ့တာကို ကျွန် တော်တို့ ဝန်ထမ်းတွေ တွေ့ခဲ့ပါတယ်၊ အဲဒီနောက် သူက ပြန်အန် ထုတ်ခဲ့ပါတယ်၊ ကျွန် တော်တို့ ဖိနပ်ကို ပြန် မယူခင်မှာပဲ သူက နောက်တခါ ပြန်မျိုချခဲ့ပါတယ်” လို့ ဥယျာဉ်တာဝန်ရှိသူတွေက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒီနောက်မှာတော့ တာဝန်ရှိသူတွေဟာ မိ ကျောင်းရဲ့ အစာအိမ်အတွင်းကနေ ဖိနပ်ပြန်လည်ထွက်လာစေဖို့အတွက် နည်းလမ်းသုံး ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အိမ်သာရေ ဆွဲချသလိုမျိုး အစာအိမ်အ တွင်းကနေ ဖိနပ်ပြန်ထွက်လာဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ” ဒီနည်းလမ်းက ဝါးမစားနိုင်တဲ့အရာတွေကို မိကျောင်းတွေမျိုချချိန် ဒါမှမဟုတ် သူတို့ဘာတွေ စားနေလဲဆိုတာကို သိပ္ပံနည်းကျလေ့လာချိန်မှာ အသုံးပြုတဲ့ နည်းစနစ် ဖြစ်ပါတယ်။

သူ့အစာအိမ်ကို အကြိမ်ပေါင်းများစွာ ကျွန် တော်တို့ အရှိန်ပြင်းပြင်းနဲ့ ဖိအားပေးခဲ့ပြီး ဝမ်းဗိုက်ကိုလည်းနှိပ်ပြီး ဖိနပ်ကိုနေရာရွှေ့ဖို့ လုပ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အဆင်မပြေခဲ့တဲ့နောက်မှာ ဖလော်ရီဒါကောလိပ်က ပညာရှင်တွေဟာ တိရိစ္ဆာန်ဆေးပညာ ကျွမ်းကျင်သူတစ်ဦးကို ခေါ်ယူခဲ့ပြီး မိကျောင်းရဲ့ လက်မောင်းကို ခွဲကာ အစာပြွန်ကတဆင့် ဖိနပ်ကိုဖယ်ရှားဖို့ ကြိုးစားခဲ့ရပါတယ်။

ခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး ကြီးမားတဲ့ပြသနာ ရင်ဆိုင်ရတာမျိုးမရှိဘူးလို့ သိရပြီး အ ဆုံးသတ်မှာတော့ ဖိနပ်ကို ပြန်လည် ထုတ်ယူ နိုင်ခဲ့တယ်လို့ သိရပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *