သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းကိုတာတာမျိုး ကိုဗစ်ရောဂါဖြင့်ကွယ်လွန်

ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတာကြောင့် ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ အဆို‌တော် နန်းမြတ်ဖြိုးသင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ခုလက်ရှိမှာ ဖြစ်ပေါ်နေတဲ့ကိုဗစ် ရောဂါ ကပ်ဆိုးကြီးနဲ့ ပတ်သတ်ပြီး နေရာ တော်တော် များများတွေမှာ ကူးစက် ပျံ့နှံ့မှုနှုန်းတွေက များပြား လျက်ရှိနေပါတယ်။

ရောဂါ ပြင်းထန် မှုတွေကြောင့်နဲ့ အောက်ဆီဂျင် မလုံ လောက်မှုတွေကြောင့် အသက် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေရပါတယ်။

ပရဟိတ အသင်းများကလဲ အတတ်နိုင်ဆုံး ပါဝင် ကူညီ ဆောင်ရွက် ပေးနေကြပါတယ်။

ရောဂါ ကူးစက်ခံရထားတဲ့ သူတွေထဲမှာ ဆိုရင် သရုပ် ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးလဲ အပါအဝင် ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ဆိုရင်တော့ သရုပ် ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးက ကိုဗစ် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ရပါတယ်။

နန်းမြတ်ဖြိုးသင်းရဲ့ အနုပညာ မိတ်ဆွေတွေက စိတ် ထိခိုက် ဝမ်းနည်းကြောင်းတွေ ရေးသား ဖော်ပြထားပြီး ကိုတာတာမျိုးကွယ်လွန်ချိန်မှာ နန်းမြတ်ဖြိုးသင်းနဲ့ အတူ ရင်သွေး နှစ်ယောက် ကျန်ရစ် ခဲ့ပါတယ်။

ကွယ်လွန် သွားပြီဖြစ်တဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးလဲ ကောင်းရာ သုဂတိ လားပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို ပရိတ်သတ်တွေ အတွက် ပြန်လည် တင်ဆက် ပေး လိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်း စီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *