ခင်ပွန်းဖြစ်သူကို ကျန်းမာရေးအနေနှင့် သွေးလည်ပတ်မှုအားကောင်းရန်အတွက် ဖိနပ်အကောင်းစား ပေးစီးခဲ့တဲ့ ဇနီး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ခင်ပွန်းဖြစ်သူကို ကျန်းမာရေးအနေနှင့် သွေးလည် ပတ်မှုအားကောင်းရန်အတွက် ဖိနပ်အကောင်းစား ပေးစီးခဲ့တဲ့ ဇနီး

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ ဒူးရင်းသီး ဆိုတာနှင့် အဆူးကို ကြောက်ရပြီး ခနတဖြုတ်လေး ထိမိတာကို အရမ်း နာကျင်လွန်းလို့ ကိုင်တွယ်တဲ့ အခါ လက်အိတ် စွပ်ရပြီး မဟုတ်လည်း ဂရုတစိုက် ကိုင်တွယ် ရပါတယ်။

သို့ပါ၍ ထိုင်ဝမ် နိုင်ငံမှ အိမ်ထောင်သည် အမျိုးသမီး တစ်ဦးက ခင်ပွန်းအား သွေး လည်ပတ်မှု ကောင်းစေရန်အတွက် ကြားဖူးနားဝ ရှိသည်များကို လက်တွေ့ အကောင် ထည် ဖော်ပေးသည့် အနေနှင့် ဒူးရင်းသီး ဖိနပ် ပြုလုပ်ပေးခဲ့သည်။

၎င်း အမျိုးသမီးက ဈေးမှ ဝယ်လာတဲ့ ဒူးရင်းသီး အခွံကို လွှတ်မပစ်ပဲ ဆေးဖြစ်သည်ဟု ကြားမိ၍ ချစ်ခင်ရသော ခင်ပွန်းအတွက် ဒူးရင်းသီး အခွံကို ဖိနပ်ပုံ ခုတ် ထစ်ပြီး ကြိုးအလှတပ်ဆင်ပြီး စီးစေခဲ့ပါသည်။

၎င်း အမျိုးသမီး ဒူးရင်းသီး ဖိနပ်ကို စီးလိုက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမကောင်းတော့ မသေချာပေမယ့် လက်တွေ့ ခြေဖဝါးတွေတော့ အရမ်း နာကျင်နေမှာ အသေအချာပါပဲ ဗျာ။

ခင်ပွန်း ဖြစ်သူကလည်း ဇနီးသည်ရဲ့ စေတနာ အပြည့်နှင့် ပြုလုပ်ထားပေးသော ဒူးရင်းသီး ဖိနပ်အား ပုံရိုက်ထားပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ခုလို မျှဝေလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အမျိုးသား ကဲ့သို့ စီးချင်ကြမယ်လို့ ထင်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *