ခင်ပွန်းကို ရည်စူးပြီး အလှူတန်း ပြုလုပ်ပေးရင်း သူမရဲ့ ရင်တွင်း ခံစားချက်တွေကို ပြောလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

ခင်ပွန်းကို ရည်စူးပြီး အလှူတန်း ပြုလုပ်ပေးရင်း သူမရဲ့ ရင်တွင်း ခံစားချက်တွေကို ပြောလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ မင်းသမီး ချောလေး နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေ ရိုက်ကူးခဲ့သလို တေး သီချင်းတွေလည်း သီဆိုပြီး အနုပညာ အလုပ်တွေကို နှစ် အတော်ကြာအောင် လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ပရိတ်သတ်တွေကလည်း သူမကို ချစ်ကြလို့ ယနေ့အထိ အားပေး ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းက မကြာခင် ကာလက ရုတ်တရက် ခွဲခွာသွားတဲ့ ခင်ပွန်း အတွက်လည်း ခုချိန် အထိ ဖြေမဆည်နိုင်အောင် ဝမ်းနည်း နေရတာပဲ ဖြစ်ပါတယ် ။

ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့ သမီးကိုအစစ အရာရာ ဂရုစိုက်ရင်း နေထိုင် သွားလျက် ရှိပါတယ် ။

ခုတခါမှာတော့ ခင်ပွန်းဖြစ်သူ ကွယ်လွန်တာ (၃) လပြည့်နေ့မှာ အလှူ အတန်းများစွာ ပြုလုပ်ဖြစ်ခဲ့ ပုံတွေကို ဝေမျှ လာခဲ့ပါတယ် ။

ဒါ့အပြင် သူရဲ့ ရင်တွင်း ခံစားချက်တွေကိုလည်း ” ၃ လပြည့်ခဲ့ပီ ယောက်ျားရေ အိပ်မပျော်တဲ့ ညတွေ ထိန်းထားလျက်နဲ့ ကျလာတဲ့ မျက်ရည်တွေ ဘဝကြီးက

အဓိပ္ပါယ် မဲ့သွားသလို ရက်တွေရှိပေမယ့်လေ ဘာလေး လှူပေးရမလဲလို့ အမြဲစဉ်းစားတယ် ပျော်စရာ အမှတ်တရတွေပဲ အမြဲ ကြိုးစားတွေးတယ်။

ယောက်ျား ရှိစဉ်တုန်းက ထားချင်တဲ့ ဘဝမျိုးဖြစ်အောင် အမြဲ ကြိုးစားပီးနေနေပါတယ် ” ဆိုပြီး ရေး သားဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေကလည်း နန်းမြတ်ဖြိုးသင်းရဲ့ အလှူလေးကို သာဓု ခေါ်ပေးကြပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *