ခင် ပွန်းကို ဆုံး ရှုံးလိုက် ရတဲ့ ဇနီး တစ်ယောက်ရဲ့ ခံစား ချက်ကို ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

ခင်ပွန်းကို ဆုံးရှုံးလိုက်ရတဲ့ ဇနီးတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးဟာ သြဂုတ်လ ၂၁ ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန် သွားခဲ့ပါတယ် ။

ခင်ပွန်းသည်ကို ဆုံးရှုံလိုက်ရတဲ့ ဇနီးတယောက်ရဲ့ ခံစားချက်ကို နန်းမြတ်ဖြိုးသင်းက သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲ ရေးသားလာခဲ့ပါတယ်။

” ကျမရဲ့ ဆုံးရှူံးမှုက လျှင်မြန်ကြီး မားလွန်းလို့ ပြောစရာစကားလုံး ရှာမရအောင်ပါပဲ ။

ခုချိန်မှာလဲ ရင်ထဲမှာ ဘယ်လို ခံစားနေရမယ် ဘယ် လောက်လွမ်းနေမယ်ဆိုတာ ကြုံဖူးသူမှလွဲ ဘယ်သူမှ ကိုယ်ချင်းစာနိုင်မှာ မဟုတ်ပါဘူး။

လူဆိုတာ မွေးလာရင် သေချာတာက သေဖို့ပါပဲ။ ကျန်ခဲ့တဲ့သူကတော့ အကောင်းဆုံး ရှင်သန်ရမှာပါ ။ သူ့အတွက်ပါပေါင်းပီး ၂ ဆ ကျမ အကောင်းဆုံးရှင်သန်မှာပါ။

သူထားခဲ့တဲ့ သူ့ကိုယ်ပွါးလေးတွေရဲ့ လက်ကိုမြဲမြဲတွဲပီး ကျမအကောင်းဆုံး ရှင်သန်ပါမယ် ။

ကျမကို အရမ်းချစ်တဲ့ သူမရှိတော့လို့ ကျမပိုပင်ပန်းမှာပါ ။ ဒါပေမယ့် ဒါတွေဟာ လောကဓံပါ။

သံသရာက မလွတ်မြောက်နိုင်သေးသ၍ လောကဓံက နှိပ်စက်တဲ့ဒဏ်ကို ခံနေကြရမှာပါပဲ ။

ကျမအတွက် သူထားခဲ့တဲ့ ၄ နှစ်တာ good memories တွေက အဖိုးမဖြတ် နိုင်အောင်ပါပဲ ။

ပြန်စဉ်း စားကြည့်တော့ ရန်ဖြစ်ရတာလဲမရှိ စိတ်ဆင်းရဲရတာလဲ မရှိခဲ့တဲ့ ၄ နှစ်တာကာလကို ပိုတန်ဖိုးထားမိပါတယ် ။

သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလဲ သားစွဲမယားစွဲ မဖြစ်အောင် သံသရာအတွက်ကောင်းအောင် ကျမ တည်တည် ငြိမ်ငြိမ်နဲ့ ရာနှုန်းပြည့် လုပ်ပေး လိုက်နိုင်တယ်။

သူလဲ ငြင်ငြင်သာသာ ပျော့ပျော့ ပျောင်းပျောင်းနဲ့ အသက်ထွက် သွားနိုင်ခဲ့တယ်။

သူက စိတ်ထားကောင်းသူ အကုသိုလ်စိတ်နဲသူ ကူညီတတ်သူမို့ သုခဘုံကို ရောက်မယ်လို့ ကျမ အပြည့်အဝ ယုံကြည်တယ် ။ ရှည်လွန် းလှတဲ့ သံသရာမှ ာဘဝကူးကောင်းဖို့ကလဲ အရေးကြီးပါတယ် ။

ဘာတွေပဲ တွေ့ကြုံရပါစေ ကျမသူ့အတွက်ပါပေါင်းပီး အ ကောင်းဆုံးကြိုးစား ရှင်သန်ပါမယ် ။

သတိရတယ် လွမ်းတယ်ဆိုတာထက် ပိုပါတယ် ယောက်ျားရေ ရက်စွဲလေးကလှ သလောက် 21.8.21 ” ဆိုပြီး ရေးသား ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *