ခင်စံပယ်ဦးရဲ့မွေးနေ့လေးမှာ ခင်ပွန်းဖြစ်သူ အန်ကယ်လေးနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ဖို့ ဆုတောင်းလာခဲ့တဲ့ မခိုင်လေး

ခင်စံပယ်ဦးရဲ့မွေးနေ့လေးမှာ ခင်ပွန်းဖြစ်သူ အန်ကယ်လေးနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ဖို့ ဆုတောင်းလာခဲ့တဲ့ မခိုင်လေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အနုပညာ လောကမှာ အန်ကယ်လေး လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီမင်းသားကြီးလူမင်းကနွေဦးတော်လှန်ရေး

တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့ အတူအင်တိုက် အားတိုက် ပါဝင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သူပဲ ဖြစ်ပါတယ်။

နွေဦးတာ်လှန်ရေးရဲ့အရေးတော်ပုံကြီးမှာ ပြည်သူ လူထုနဲ့အတူ အစွမ်းကုန် ကြိုးစားပါဝင်ခဲ့တဲ့ အန်ကယ်လေးက ပြီးခဲ့တဲ့ လပိုင်းကတည်းက ဖမ်းဆီးထိန်း

သိမ်းခံထားရတာမို့ အနုပညာရှင်တွေအပြင် ပြည်သူ ပရိတ်သတ်တွေ အားလုံးက ဝမ်းနည်း စိတ်မကောင်းဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

မနေ့က ကျရောက်လာတဲ့ မွေးနေ့မှာ အန်ကယ်လေး ရဲ့ဇနီးဖြစ်သူ ခင်စံပယ်ဦး ရဲ့မွေးနေ့လေးကို သတိတရနဲ့ ဆုမွန်ကောင်း တောင်းပေး လာခဲ့တာတော့ ခိုင်သင်းကြည် ပဲဖြစ်ပါတယ်။

မခိုင်လေး ကအရမ်းချစ်ကြတဲ့ ခင်စံဦး တို့ မိသားစုတွေအမြန်ဆုံး ပြန်လည်ဆုံဆည်းကြစေဖို့အတွက် ဆုတောင်းစကားဆိုလာပါတယ်။

အကျဉ်းချ အရေးယူခြင်းခံထားရပြီး ပူပင်သောကတွေနဲ့ ဝေးကွာနေရတဲ့ အန်ကယ်လေး တို့မိသားစုလေး

အမြန်ဆုံး ပြန်လည် ဆုံဆည်းကြစေဖို့ စိတ်မကောင်းစွာ ဆုတောင်း ပေးထားတာပဲ ဖြစ်ပါတယ်။

“Happy Birthday ချစ်ရတဲ့ စံပယ်လေး ပူပင်သောကတွေကင်းဝေးပြီး ချစ်ရတဲ့ အန်ကယ်လေး နဲ့

အတူ မိသားစုတွေအမြန်ဆုံး ပြန်ဆုံနိုင်ကြပါစေ” ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

မခိုင်လေး နဲ့အတူ ပြည်သူ ပရိတ်သတ်တွေကလည်း အန်ကယ်လေး တစ်ယောက် ကျန်းကျန်း မာမာနဲ့

အမြန်ဆုံး ပြန်လည် လွတ်မြောက်ပြီး မိသားစုတွေ ပြန်ဆုံကြစေဖို့ အသီးသီး ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်။

ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်ကြီးကို အထူး ပဲကျေးဇူးတင်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *