ကွယ်လွန်သူ ညီညီ့အတွက် သင်္ကန်းနှင့် ကူငွေများ သွားရောက်လျှူဒါန်းလာခဲ့တဲ့ အဆိုတော် ပိုပိုနှင့် သူငယ်ချင်းများ

ကွယ်လွန်သူ ညီညီ့အတွက် သင်္ကန်းနှင့် ကူငွေများ သွားရောက်လျှူဒါန်းလာခဲ့တဲ့ အဆိုတော် ပိုပိုနှင့် သူငယ်ချင်းများ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန် မာနိုင်ငံ အတွင်းမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့တည်းက ဖြစ်ပွားနေတဲ့ အခြေ အနေကြောင့် ပြည်သူ လူထုတွေက ရင်ထဲက ဆန္ဒအမှန်ကို လမ်းမတွေပေါ်တွင် ငြိမ်းချမ်းစွာ ဖော်ထုတ်နေကြတာ ပဲဖြစ်ပါတယ်။

အားကြိုး မာန်တတ် လူထု လှုပ်ရှားမှုကို လုပ် ဆောင်နေတဲ့ထဲတွင် အနုပညာရှင် အများအပြားကလည်း ပြည်သူထဲက ပြည်သူပဲမို့ အမှန်တရားဘက်ကနေ မားမား မတ်မတ် ရပ်တည်ကာ တက်ကြွစွာ ပူပေါင်းပါဝင်နေသလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သ လောက် လိုက်လံ ဝေဌနေတာလည်း တွေ့ရပါတယ်။

ဒီထဲတွင် အဆိုတော် ပိုပိုကလည်း တစ်စိတ်တစ်ပိုင်း ကူညီဖေးမနေကာ လူထု လှုပ်ရှားမှုတွင် အားတတ်သရော ပါဝင်လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။

တေးသံရှင် ပိုပိုကတော့ နေ့ဘက်တွင် မမောမပန်း ဂီတ အနုပညာရှင် မောင်နှမတွေနဲ့ အတူ အားဖြည့်သလို ညဘက်တွင်လည်း သံပုံးတီးတဲ့ အပြင် မောရသုတ်ကို ရွတ်ဖတ်ပူဇော်ကာ မေတ္တာပို့ အမျှဝေပေးကာ မြန်မာပြည် အေးချမ်းစေဖို့ အ တွက် ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

အခု တစ်ခါမှာဆိုရင်လည်း ပိုပိုက မနေ့က ကျဆုံးသွားတဲ့ သူရဲကောင်း ညီညီအတွက် စိတ်မကောင်းဖြစ်ကာ ပူဆွေးဝမ်းနည်းနေတဲ့ မိဘတွေဆီကို သွားရောက်ကာ လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။

ပိုပိုရဲ့ လူမူကွန်ရက် စာမျက်နှာမှတဆင့် မောင်လေး ညီညီ အတွက် သင်္ကန်း နဲ့ ကူငွေ သွားလှူပေးရင်း ရဲ့ မောင်လေး ညီညီ အမေကို စိတ်မကောင်းခြင်းများစွာဖြင့် အားပေးစကားပြောခဲ့ပါတယ်ရှင့်။

နောက်ဘဝမှာ ဒီလိုအဖြစ်ဆိုးမျိူး ကင်းဝေးပါစေ ရှင် စန္ဒီမြင့်လွင် (၂၅၀၀၀) မိစန္ဒီ (၁၀၀၀၀၀) ပိုပို (၂၀၀၀၀) လှိုင်မြတ်ဝေ (၅၀၀၀) ကိုသားဖြိုး နဲ့ သူငယ်ချင်းများ (၁၁၅၀၀၀)

(သူ့အမေ ကတော့ပြောရှာပါတယ် ပစ်မဲ့ပစ် ခြေ ထောက်လေး လက်လေး ပစ်ရင်တောင် တော်ပါသေးတယ်) အခုတော့ သားလေးကို သေအောင် ပစ်ကြတယ် တဲ့ ဆိုပြီး ရေးသားဖော်ပြလာတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း ပိုပိုရဲ့ အလှူကို သာဓုခေါ်ရင်း ထပ်တူ ဝမ်းနည်းနေမှာမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *