ကွယ်လွန်ခဲ့တဲ့ အမေကိုယ်စား အမေ့ ပုံစံတူအရုပ်လေးနဲ့ ဘွဲ့ယူလာခဲ့တဲ့ ကျောင်းသားလေးတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကွယ်လွန်ခဲ့တဲ့ အမေကိုယ်စား အမေ့ ပုံစံတူအရုပ်လေးနဲ့ ဘွဲ့ယူလာခဲ့တဲ့ ကျောင်းသားလေးတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကျောင်းသားတိုင်းက ဘွဲ့ယူတဲ့ နေ့လေးမှာတော့ မိသားစု စုံလက်စွာနဲ့ ဘွဲ့ယူချင်ကြတာတော့ အမှန်ပါပဲ။အခု ကျောင်းသားလေးက ဘွဲ့ယူတဲ့ အခါမှာ မိခင် ပုံတူလေးကိုဘဲ ယူခု့ရတာပါ။

ဖိလစ်ပိုင် လူမျိုး Paulo John က ဘွဲ့ယူတဲ့နေ့မှ ဓာတ်ပုံလေး တွေကို ဇူလိုင်လ (၁၆) ရက်နေ့က Twitter မှာ တင်လိုက်တဲ့အခါမှာ retweet (၄၆၀၀၀) ရရှိခဲ့ပါတယ်။ Pauloက ဘွဲ့ဝတ်စုံကို ဝတ်ထားပြီးတော့ ဘေးမှာကသူ့အမေကိုယ်စား ပုံစံတူစက္ကူရုပ်ကြီးနဲ့ အတူ တွဲရိုက် ထားတဲ့ ဓာတ်ပုံပါ။

ဘုရား သခင်ရဲ့ ကျေးဇူးနဲ့ မေမေ့သားအကြီးဆုံး ဘွဲ့ယူနိုင်ခဲ့တာ မေမေပျော်မယ်လို့ မျှော် လင့်ပါတယ်။ မေမေ့ ဆန္ဒအတိုင်း သား ဘွဲ့ရသွားပါပြီ။ မေမေ့ကို အများကြီးချစ်တယ်လို့လည်း ရေးသားလာခဲ့ပါတယ်။

Twitter သုံးသူတွေက Paulo ရဲ့အမေ့ကျေးဇူး သိတတ်ပုံကို ချီးကျူးလာခဲ့ကြပါတယ်။ Pauloက စီးပွားရေး စီမံဘွဲ့ကို ရရှိ ခဲ့ပါတယ်။

ဘွဲ့ယူတဲ့နေ့မှာ အမေကို ဘေးမှာ ရှိစေချင်တာက သူ့ရဲ့ အိပ်မက်ပါပဲတဲ့။ ဒါပေမယ့်လည်း Paulo ရဲ့အမေက (၂၀၁၆) ခုနှစ်က နမိုးနီးယား ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ကောလိပ်ကနေ ဘွဲ့ရဖို့ ဆိုတာသူတို့ မိသားစုရဲ့အိပ်မက်ဖြစ်ကြောင်းနဲ့ အမေ ကွယ်လွန်သွားပေမယ့်လည်း အမေ့ ပုံစံတူအရုပ် ရှိနေခြင်းက အနည်းဆုံးတော့ အမေရှိနေသလို ခံစားရကြောင်း Paulo က ပြောပြလာခဲ့ပါတယ်။

အမေက နှစ်အနည်းငယ်ကြာအောင် မိသားစုအတွက် တစ်ယောက်တည်း ရုန်းကန်လာခဲ့ပါတယ်။ အမေက ကျွန်တော့်ကို ကိုယ်ပိုင် ကျောင်းတွေကိုလည်း ထားနိုင်ခဲ့ပါတယ်။

အမေနဲ့ ကျွန်တော်က သိပ်ရင်းနှီးပါတယ်။ ကျွန်တော့်ကို ကောလိပ် ပို့ဖို့အတွက် ကျွန်တော့် ပထွေးကိုတောင် မတောင်းဆိုခဲ့ပါဘူး။ ငွေတွေအားလုံးကို အမေတစ်ယောက်တည်း ရှာခဲ့ပြီး အဒေါ်တွေကလည်း ကူညီလာခဲ့ပါတယ်။

ဘွဲ့ယူအခမ်းအနားကို အမေ့ပုံစံတူ အရုပ်ကြီးယူသွားတဲ့အခါ ကျန်တော့ ဘေးမှာ အမေရှိနေသလို ခံစားရတဲ့အတွက် အလွန်ဝမ်းသာတယ်လို့ Paulo က စိတ်မကောင်းစွာပြောပြလာခဲ့ပါ။

ပရိတ်သတ်ကြီးအားလုံးလည်း Paulo အ တွက် စိတ်မကောင်း ဖြစ်ကြမယ်လို့ ထင်ပါတယ်။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *