ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေရဲ့ သားသမီးတွေ ကျောင်းစရိတ် အတွက် ပံ့ပိုးပြီး အလှူငွေတွေ လှူဒါန်းသွားမယ့် ကျော်ထက်အောင်

ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေရဲ့ သားသမီးတွေ ကျောင်းစရိတ် အတွက် ပံ့ပိုးပြီး အလှူငွေတွေ လှူဒါန်းသွားမယ့် ကျော်ထက်အောင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အသံ သြဇာ အ ပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ Myanmar idol ပြိုင်ပွဲကြီးရဲ့ အစီအစဉ် တင်ဆက်သူ ကျော်ထက်အောင်က

ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှု အပြည့်အဝရရှိခဲ့ပြီး အောင်မြင်နေတဲ့ သူ တစ်ယောက် ပဲဖြစ်ပါတယ်။

ကျော်ထက်အောင်က ခုလက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ကာ လူထု လှုပ်ရှားမှုတွေမှာ ပါဝင်နေသူပဲ ဖြစ်ပါတယ်။

တော်လှန်ရေး တိုက်ပွဲကြီးရဲ့ လူထု လှုပ်ရှားမှုတွေမှာ အများပြည်သူတွေနဲ့ အတူ အပင်ပန်းခံ ပါဝင် အား ဖြည့်နေသလို တတ်နိုင်တဲ့ ဘက်ကနေလည်း

လှူဒါန်းမှုတွေ ပြုလုပ်နေပြီး အခုတစ်ခါမှာလည်း ကျဆုံးသွားတဲ့ သူရဲကောင်း ပြည်သူတွေ အတွက် ဖေးမ ကူညီမှုတွေကို ပြုလုပ် သွားဦးမှာပါ။

လူထု လှုပ်ရှားမှုတွေ ပြုလုပ်ရင်း ဖြိုခွင်းမှုတွေကြောင့် အသက်ပေး ကျဆုံးသွားတဲ့ ပြည်သူ သူရဲကောင်းတွေရဲ့ သားသမီးတွေ ပညာရေး အတွက်လည်း

ငွေကြေး လှူဒါန်းပြီး ပံ့ပိုး ကူညီ သွားမှာဖြစ်တဲ့ အ ကြောင်းလေးကို ကျော်ထက်အောင်က ခုလို ပြောပြထားတာပဲ ဖြစ်ပါတယ်။

မပျက် မကွက် နောက်ဆုံး ထွက်သက်ထိ ပါဝင်ပါမည်။ နာကြင် သွေးပျက်ရတဲ့ နေ့တွေ အမြန် ကုန်လွန်ပါစေ ကတိပေးပါတယ်။

ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ သား သမီးတွေ ပညာရေးကို lifelong support လုပ်ပေးဖို့ လိုတယ်မြင်မိပါတယ်။

အခြေအနေတွေ တည်ငြိမ်သွားရင် ကျွန်တော်တို့ မိသားစု ဝင်ငွေထဲကနေ လစဉ် လှူဒါန်းဖို့ ကတိပြုပါတယ်။ သဘောတူရင် ကူးတင်လို့ရပါတယ်။

သူတို့ အနာဂတ်တွေ မပျက်စေဖို့ ဝိုင်းဝန်း ကြမယ်နော်ဆိုပြီး ကျော်ထက်အောင်က ရေးသား ပြောပြထားဖြစ်ပြီး ပရိသတ်တွေကလည်း လေးစားစွာ ချီးကျူး စ ကားလေးတွေလည်း ပြောထားကြပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *