ကြွေလွင့်သွားတဲ့ လူငယ်လေးတွေ အတွက် စိတ်မကောင်းဖြစ်ပြီး ဒလန်လုပ်သူကို ထိထိမိမိ ပြောဆိုလာခဲ့တဲ့ အဆိုတော် R ဇာနည်

ကြွေလွင့်သွားတဲ့ လူငယ်လေးတွေ အတွက် စိတ်မကောင်းဖြစ်ပြီး ဒလန်လုပ်သူကို ထိထိမိမိ ပြောဆိုလာခဲ့တဲ့ အဆိုတော် R ဇာနည်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အသံပါဝါ အား ကောင်းကောင်းနဲ့ ပရိတ်သတ်တွေ ရင်ထဲရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော် R ဇာနည်ကို သိကြမယ်ထင်ပါတယ်။

R ဇာနည်က အခုဆိုရင်လည်း သာယာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင် တစ်ခုကို ဝမ်းနဲ့အတူ တည် ထောင် ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေး နှစ်ယောက်အပြင် သမီးလေးတစ်ယောက်ပါ ထပ်မံရရှိနေပြီဖြစ်ပါတယ်။

အောင်မြင် ကျော်ကြားတဲ့ အဆိုတော် တစ်ယောက်ဖြစ်သလို တော်လှန်ရေး တိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ပြီး ဖေဖော်ဝါရီလ

အစပိုင်းကတည်းက လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ အင်တိုက် အားတိုက် ပါဝင်ခဲ့သူက R ဇာနည်ပဲ ဖြစ်ပါတယ်။

တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစား ပါဝင် အားဖြည့် ခဲ့တာတွေကြောင့် ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်းခံထားရပြီး လက်ရှိမှာတော့

လုံခြုံရေးအတွက် ရှောင်တိမ်းရင်း အရေးတော်ပုံ အ တွက်လည်း ကြိုးစား တိုက်ပွဲဝင်နေတဲ့ Rဇာနည်က မိသားစုနဲ့ ရင်သွေးလေးတွေကို သတိရ လွမ်းနေတဲ့အကြောင်း ပြောပြလာပါတယ်။

ခုဆိုရင်လည်း မနေ့ညက ဒလန်တွေရဲ့ သတင်းပေးပို့ မှုကြောင့် လိုက်ဖမ်းရာမှ လုံးဝ အဖမ်းမခံပဲ သူရဲ ကောင်းတွေ အတိုင်း အမှန်တရား အတွက်

အသက်ကို စတေးပြီး ကြွေလွင့်သွားခဲ့တဲ့ လူငယ်လေးများ အတွက် စိတ်မကောင်းစွာနဲ့ R ဇာနည်က လူမှုကွန်ရက်ပေါ်မှာ ရေးသား ပြောပြထားပါသေးတယ်။

လူငယ်‌လေးများရဲ့ ဖြစ်စဉ်မှာလည်း ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် လိုက်ဖမ်းဆီးရာမှ အညံ့မခံပဲ အသက်ကို စတေးသွားခဲ့တာ ပဲဖြစ်ပါတယ်။

အဆိုတော် R ဇာနည်က ဒလန်လုပ်ပြီး သတင်းပေးခဲ့တဲ့ သူကို ပေါက်ကွဲစွာနဲ့ ထိထိမိမိ ဒလန်တွေကို ဆဲလိုက်တာပဲ ဖြစ်ပါတယ်။

မနေ့က ကြွေလွင့်သွားတဲ့ သူရဲကောင်း‌ လူငယ်လေးတွေ အတွက်လည်း ဒို့ပြည်သူတွေ ညီညီ ညာညာနဲ့ အောင်ပွဲဆီကို ချီတက် နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ခုလို ဖတ်ရှုအာပေးကြတဲ့ ပရိတ်သတ်တွေလည်း ဒီအခြေ အနေဆိုးတွေကို အမြန်ဆုံး ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *