ကြော်ငြာလေး လက်ခံရိုက်ကူးမိတာနဲ့ အပြစ်ရှိသွားရင်လည်း BOYCOTT သာလုပ်လိုက်ကြပါတော့လို့ ပြောလိုက်တဲ့ နေဝင်း

ကြော်ငြာလေး လက်ခံရိုက်ကူးမိတာနဲ့ အပြစ်ရှိသွားရင်လည်း BOYCOTT သာလုပ်လိုက်ကြပါတော့လို့ ပြောလိုက်တဲ့ နေဝင်း

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ Snare အဖွဲ့က အဆိုတော် နေဝင်းက သူ့ရဲ့ ချစ်ဇနီး အိမ့်ချစ်ချောနဲ့ အတူတူ ခရီးသွားဘလော့တွေနဲ့ ကြော်ငြာတွေကို သူတို့ရဲ့ Page ကနေ ရေးသား ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေဝင်းက လွန်ခဲ့တဲ့ ရက်ပိုင်းက စားသောက်ဆိုင် ကြော်ငြာတစ်ခုကို သူတို့ရဲ့ ဖေ့စ်ဘုတ် ပေ့ချ်ကနေ တင်ခဲ့ရာ ပြည်သူတွေ ဒုက္ခရောက်

နေတာတောင် အစားအသောက် အသွား အလာမပျက်တာကြောင့် Boycott လုပ်သင့်တယ်ဆိုပြီး ပရိတ်သတ်အချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး နေဝင်းက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ အခုလိုပဲ ပြောလာပါတယ်။

အလုပ် လုပ်လို့မရတဲ့ ကျွန်တော်တို့ ဘဝတွေ သူဌေးတွေလို့ ထင်ခံနေရတဲ့ ကျွန်တော်တို့ ဘဝတွေ ကိုယ့်ပေါင် ကိုယ်လှံ့ထောင်းရတော့မယ့် ကျွန်တော်တို့

ဘဝတွေ ဘူမသိ ကိုးမသိပဲ တောင်ပြော မြောက်ပြော ပြောခံရတဲ့ ကျွန်တော် တို့ ဘဝတွေ ကျွန်တော်တို့လဲ ပြည်သူပါပဲလို့ အမြဲ ပြောနေရတဲ့ကျွန်တော်တို့ ဘဝတွေ။

ကျွန်တော်တို့လဲ ပျော်နေတာမှ မဟုတ်တာ။ boycott company တွေနဲ့လဲ အလုပ် လုပ်နေတာမဟုတ်ဘူး။ တသက်လုံးလဲ မလုပ်ဘူး။

ကျွန်တော်တို့ ခရီးတွေသွားပြီး အလှပုံ အပျော်ပုံတွေ တင်နေတာမှမဟုတ်တာ။ စားသောက်ဆိုင် ကြော်ငြာလေဗျာ။

boycott မဟုတ်တဲ့ local လုပ်ငန်းတွေ တခြားကြော်ငြာလေးတွေတော့ လုပ်လို့မရဘူးလားဗျ။ ဒီခရီးကြီးက အချိန်တစ်ခုထိ အားလုံး အတူတူ သွားရမှာလေ။

ကျွန်တော်တို့လဲ အလုပ်လေး နည်းနည်း ပါးပါးတော့ လုပ်မှရမှာပေါ့။ စကစရဲ့ အဖမ်းတော့ မခံချင်လို့ နောက်ပိုင်းတော့ speakout မလုပ်ဖြစ်တာဗျာ။

ဒါပေမယ့် ကိုယ်တတ်နိုင်တာတော့ အမြဲ လစဉ် လုပ်တယ်ဗျာ။ အကျယ်တဝင့်တော့ မရှင်းပြတော့ဘူး။ ပြီးတော့ ကျွန်တော်တို့ ခရိုနီ လဲမဟုတ်ဘူူး / ဒလန်မဟုတ်ဘူူး / ဘောမလဲ မဟုတ်ဘူး။

ကျွန်တော် Nay Win အမှန်ခြစ်လေးနဲ့ ဒီpage ကို ကြည့်ပါအုံး ဘာတွေလုပ်ထားလဲလို့။ ဒီထဲမှာ ရှိတဲ့လူတွေလဲ အလုပ်တစ်ခုမဟုတ်တစ်ခုတော့ လုပ်နေကြတဲ့လူတွေပဲမဟုတ်ဘူးလား။

ကျွန်တော်တို့လဲ သာမာန် လူတွေပါပဲ။ ကျွန်တော်တို့က ဒီပေါ်မှာလုပ်ရတဲ့သူတွေလေဗျာ။”“လုပ်ရတာလဲ လက်ဆယ်ချောင်းတောင်မရှိပါဘူး။

သီချင်းသစ်တွေ တင်နေတာလဲမဟုတ်ဘူး။ MWD မှာ သီချင်းဆိုနေတာလဲမဟုတ်ဘူး။ line ပေါ်မှာ ပျော်ပြီး ဒွန့်ပြနေတာလဲမဟုတ်ဘူး။

အလုပ်အတွက် ဓာတ်ပုံရိုက်တာ အဲ့လိုမရိုက်လို့ ဘယ် လိုရိုက်ရမလဲ။ အဲ့ဒါမှ cott ချင်သပါ့ဆိုရင်တော့ cott ဗျာ” ဆိုပြီး သူ့ရဲ့ ခံယူချက်ကို ပွင့်ပွင့် လင်းလင်းပြောလာတာပဲဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *